မြောင်မြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၉ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၉ ဦး သေဆုံးခဲ့ကြောင်း CDSOM မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြောင်မြို့နယ်၊ ထုံးကြိုင်ရွာတွင် ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သောင်ကြီးရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပူးပေါင်းရန် ထွက်ခွာချိန် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားချိန် ၂ နာရီကျော်ကြာချိန်တွင် သောင်ကြီးရွာမှ အကြမ်းဖက် စစ်သားများ စစ်ကူရောက်လာပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ၂ နေရာမှလည်း လက်နက်ကြီးများနှင့် ၁၂ လုံး တရစပ် ပစ်ခတ်ခဲ့ကြောင်း ၊ လက်နက်ကြီး ပစ်ကူလုပ်ဆောင်နေသည့် အကြမ်းဖက်စစ်သားများကို CDSOM -001 DRONE အဖွဲ့မှ မောင်းသူမဲ့ လေယာဉ်များနှင့် လက်နက်ကြီးပစ်ကူများကို ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် စစ်ကူလာသည့် အကြမ်းဖက်စစ်သားများကိုလည်း တိုက်ခိုက်ခဲ့၍ အကြမ်းဖက်စစ်သားများ အထိနာက မြစ်ကမ်းနားသို့ ဆုတ်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တော်လှန်ရးအဖွဲ့များဘက်မှ တိုက်ပွဲအတွင်း အသားစီးရ တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲချိန်ကြာမြင့်ချိန်တွင် လက်နက်ခဲယမ်းအားနည်းချက်များနှင့် ကြုံတွေ့ခဲ့၍ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ တိုက်ခိုက်မှုကို ၁၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM၊ CDSOM အနောက်ပိုင်း ၀၀၁ ဒရုန်းအဖွဲ့၊ မြောင်မြို့နယ် ပလဖ (အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့)၊ မြင်းခြံခရိုင် တပ်ရင်း၂ (PDF Taloke၊ MGN RANGER၊ မြင်းခြံ 21) ၊ ဆင်ရိုင်းစစ်ကြောင်း – မြောင်၊ Blood Brothers အဖွဲ့၊ Hero အဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆၊ တပ်ခွဲ ၃၊ မြောင်ပြည်သူ့တပ်မတော် MUA၊ LACR မြင်းခြံ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ CRF၊ နဂါးပေါက်တိုက်နယ်နှင့် မြောင်မြို့မတိုက်နယ် ပကဖ၊ ဒေါင်းစစ်သည်အဖွဲ့၊ ONE PDF မြင်းခြံ၊ နောင်ရိုးအဖွဲ့ (ငါန်းဇွန်မြို့နယ် တပ်ရင်း ၆ တပ်ခွဲ ၁ )၊ WOLF BROTHERS အဖွဲ့၊ 8 Star မြင်းခြံအဖွဲ့၊ Justice Revolution Force၊ 11 Brothers Revolution Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြောင်အမျိုးသမီး စစ်တော်အဖွဲ့ – M2W မှကျည်၊ ခဲယမ်းထောက်ပို့မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။