24.8 C
Yangon

မတ္တရာတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

မတ္တရာတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မတ္တရာမြို့နယ်၊ ဝသုန္ဒရရွာမှ ကျောက်တံတားဘက်ကို ခြေလျင် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မတ္တရာမြို့နယ် ပကဖ တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ထန်းပင်ကုန်းရွာ ဆိုင်းဘုတ် မြောက်ဘက် အနီးတွင် မိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိသူ များပြားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article