32 C
Yangon

အောင်လံမြို့ရှိ လဝကရုံး၌ ကင်းစောင့်နေသော စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

အောင်လံမြို့ရှိ လဝကရုံး၌ ကင်းစောင့်နေသော စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၇

မကွေးတိုင်း၊ အောင်လံမြို့ရှိ လဝကရုံး၌ ကင်းစောင့်နေသော စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အောင်လံမြို့နယ်၊ အောင်လံမြို့၊ လူဝင်မှု ကြီးကြပ်ရေးရုံး (လဝကရုံး) ၌ ကင်းစောင့်နေသော အကြမ်းဖက် စစ်တပ်မှ စစ်သား ၅ ဦးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို အောင်လံမြို့နယ် အခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့ပြီး လဝကရုံး မျက်နှာစာရှိ နံရံကပ် မှန်များ ကွဲကြေပျက်စီးကာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article