27 C
Yangon

စဥ့်ကူးမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများက ပြည်သူ ၄ ဦး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို စွန့်ပစ်

Must read

စဥ့်ကူးမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများက ပြည်သူ ၄ ဦး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို စွန့်ပစ်

ရန်ကုန်၊ စက်တင်ဘာ ၁၇

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများက ပြည်သူ ၄ ဦး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို စွန့်ပစ်သွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။

စဥ့်ကူးမြို့နယ်၊ လက်ပံလှ ငွေတောင်ရွာ ကားလမ်းနားဘေး၊ မန္တလေး – မိုးကုတ် ကားလမ်းပိုင်းတွင် ဖွင့်လှစ်ထားသည် အလင်းဆိုင် (စားသောက်ဆိုင်)မှ စုံတွဲ လင်မယား ၂ တွဲကို စစ်တပ်နှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ ၁၇ ရက်နေ့ ည ၁၂ နာရီကျော်က စစ်တပ်နှင့် ဗျူစောထီးအဖွဲ့များသည် ကားတစ်စီးဖြင့် ၎င်းတို့ ဖွင့်လှစ်ထားသည့် အလင်းဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်ရှေ့တွင် ကိုမောင်သိန်းဆိုသူ၏ ပါးစပ်ကို သေနတ်ဖြင့် တေ့ကာ ပစ်သတ်လိုက်ပြီးနောက် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယင်းနောက်တွင် ငွေတောင်ရွာ၏ အနောက် အမဲခုံတွင် ၃ ယောက်လုံးကို တစ်ပြိုင်းတည်းသတ်ပစ်လိုက်ပြီး ၁ ဦးကို ဓါးဖြင့် အစိပ်စိပ်မွန်းကာ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း သေဆုံးသူ ဒေါမြမြဝင်း ၏ နီးစပ်သူများ ထံမှ သိရှိရသည်။

သတ်ဖြတ်ခံရသော ဇနီးမောင်နှံများမှာ အသက် ၄၃ ကျော်အရွယ်ရှိ ဦးသိန်းနှင့် ဇနီးဖြစ်သူ အသက် ၄၅ ကျော်အရွယ်ရှိ ဒေါ်မြမြဝင်း၊ ၎င်းတို့၏ မိသားစုဝင် များဖြစ်ကြသည့် နောက်ထပ် လင်မယားစုံတွဲဖြစ်သည့် အသက် ၃၀ ကျော်အရွယ်ရှိ ကိုကျင် ဇနီးဖြစ်သူ အသက် ၃၅ နှစ်အရွယ်ရှိ မစု တို့ ဖြစ်ကြသည်။

ဖွင့်လှစ်ထားသည့် အလင်းဆိုင်ရှေ့၏ လမ်းဘေးတွင် ဦးသိန်းကို သတ်ဖြတ်ပြီးနောက် ဇနီးဖြစ်သူ ဒေါ်မြမြဝင်းနှင့် နောက်ထပ် ဇနီးမောင်နှံ လင်မယားစုံတွဲဖြစ်သည့် ကိုကျင်တို့ လင်မယားကိုမှု ငွေတောင်၏ အနောက် အမဲခုံတွင် ၃ ယောက်လုံး တစ်ပြိုင်းတည်း သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

သေဆုံးသူ မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက “လင်မယား စုံတွဲတွေက သူဟာသူ အေးဆေးနေတာပါ။ အဲ့ဒီမှာ ထမင်းဆိုင်ရောင်းနေတာနှစ်ပေါင်း တော်တော်ချီနေပြီ။ ပြဿာနာလည်း သိပ်ထွေထွေထူးထူးထူး မရှိဘူး။ ဒီလုပ်ရပ်က စစ်တပ်နဲ့ ဗျူစောထီးတွေ လုပ်သွားတယ်လို့ ယုံကြည့်တယ်”ဟုပြောသည်။

ပြည်သူ ၄ ဦးကို မတ္တရာ ရေတော် လက်မရွံ ပျူစောထီးအဖွဲ့မှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုများနှင့် နီးစပ်သူများက ပြောဆိုထားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂ ပတ်လောက်ခန့်က ရေတော်ရွာ ပျူခေါင်းဆောင် ငနိုင်၏ သားဖြစ်သူသည် အဆိုပါ ထမင်းဆိုင်တွင် လာရောက်ထမင်းစားနေသည့်အချိန် PDF အဖွဲ့က ဝင်ရောက် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက်တွင် အဆိုပါ ထမင်းဆိုင်အား စစ်တပ်နှင့် ပျူစောထီးအဖွဲ့မှ ဝင်ရောက်ကာ ဆိုင်ရှင်ဖြစ်သူ ဦးသိန်းနှင့် ဇနီးအပါအဝင် နောက်ထပ် လင်မယားနှစ်ဦးအား လာရောက် သတ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနားနေထိုင်သူများက ပြောသည်။

မိသားစု လင်မယား စုံတွဲ နှစ်တွဲသတ်ဖြတ်ခံထားရသူများမှာ ကလေးများကျန်ရစ်ခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကိုမှု မန္တလေး ရင်ခွဲရုံပို့ထားကြောင်း ယင်းအထဲမှ ဦးသိန်းနှင့် ဇနီးဖြစ်သူ ဒေါ်မြမြဝင်း ရုပ်အလောင်း ကို ယနေ့တွင် သင်္ဂြိုဟ် သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article