ကယ်လီဖိုးနီးယား ပြည်နယ်တွင် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ဆန္ဒပြ
ရန်ကုန်၊ စက်တင်ဘာ ၁၇
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ခရမ်မဲန်တိုမြို့တွင် မြန်မာ တိုင်ရင်းသား မိသားစုများ ဦးဆောင်ကာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို Free Burma Action Committee-Northern California နှင့် မပန်ဆယ်လိုတို့က ဦးဆောင်ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။