ရေးမြို့၊ နှစ်ကရင်လမ်းဝတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က နယ်မြေ လုံခြုံ ရေးရယူ စစ်ဆေး
ရန်ကုန်၊ စက်တက်ဘာ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမ တလျှောက် နယ်မြေဒေသစိုးမိုးရေးနဲ့ ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ သွားလာ နိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ရယူ စစ်ဆေးဆောင်ရွက်ခြင်းကို နေ့စဉ် ပြုလုပ်လျက်ရှိပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာလည်း ရေးမြို့နယ်အတွင်းရှိ နှစ်ကရင် လမ်းဝ ဆီဆိုင်အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကို မနက် ၈ နာရီကနေ ၁၁ နာရီခန့်ထိ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဖြတ်သန်းသွားလာနေတဲ့ ယာဉ် တွေပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ လိုက်ပါလာခြင်းရှိ၊ မရှိ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်တွေအတွက် လူတွေ၊ ပစ္စည်းတွေ တင်ဆောင်တာမျိုးရှိ၊ မရှိ စစ်ဆေးခဲ့ကြတာပါ။
အခုလို လုံခြုံရေးရယူစစ်ဆေးခဲ့ရာမှာ ခရီးသွားပြည်သူတွေနဲ့ မော်တော် ယာဉ် မောင်း တွေဟာ အပြည့်အဝကူညီလိုက်နာပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ (KNLA) တပ်ဖွဲ့ဝင်တွေက စစ်ဆေးတဲ့အခါမှာ ကြည်ဖြူ စွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင် ဆောင် တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံထားပါတယ်။