34 C
Yangon

မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းChindwin Attack Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ တပ်ခွဲ ၃ Monywa Nightking PDF နှင့် နဂါးနက် LPDF တို့ ပူးပေါင်းကာ ၁၂၀ မမ ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ပျက်စီးမှု အခြေအနေနှင့် စစ်သားများ သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

” စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ လက်နက်ကြီးတွေကတော့ ကျရောက် ပေါက်ကွဲတာတော့ ရှိတယ်” ဟု Chindwin Attack Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force ) တပ်ရင်း ၄ နှင့် တပ်ခွဲများမှ ထိုးစစ် တိုက်ခိုက်နေခြင်းကြောင့် အရေးပေါ် လက်နက်ခဲယမ်း များစွာ လိုအပ်နေလျက်ရှိကြောင်း မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force ) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article