25 C
Yangon

မိုးကုတ်တွင် စစ်တပ် ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား၊ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

Must read

မိုးကုတ်တွင် စစ်တပ် ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား၊ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးသူများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်တွင် မန္တလေးမှ မိုးကုတ်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၃ စီးပါယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး ထိမှန်ကာ သေဆုံးသူ များပြားကြောင်း သိရသည်။

မိုးကုတ်မြို့နယ် အနောက်ပိုင်း ကျောက်ဖြူကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

” မိုးကုတ်မှာ နံနက် ၅ နာရီ အချိန်ကနေ အခုချိန်ထိ တိုက်ပွဲဖြစ်နေပါတယ်။ နံနက်အစောပိုင်းက မန္တလေး ကနေ တက်လာတဲ့ စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်တာ ၁ စီးထိမှန်ပြီး စစ်ခွေး အသေများတယ်။ အခု မိုးကုတ်အနောက်ပိုင်း ကျောက်ဖြူကျေးရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က မိုးကုတ်အနီးရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခဲ့​ပြီး ထိခိုက် ပျက်စီးမှု အခြေအနေနှင့် ထိခိုက် ဒဏ်ရာရရှိသူ ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများထံမှ သိရသည်။

Photo – ပြည်သူ့ကာကွယ်ရေးတပ်မတော် ၁၂၂၃ တပ်ရင်းမှ ရဲဘော်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article