33 C
Yangon

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအတွက် ထောင်ဝင်စာ ပါဆယ် နှင့် အစားအသောက်ပို့ခွင့် ကန့်သတ်ပြီး အိပ်ရာခင်း၊စောင်နှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများကို စစ်တပ်က လုယူ သိမ်းဆည်းလိုက်၍ ဒုက္ခရောက်နေ

Must read

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအတွက် ထောင်ဝင်စာ ပါဆယ် နှင့် အစားအသောက်ပို့ခွင့် ကန့်သတ်ပြီး အိပ်ရာခင်း၊စောင်နှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများကို စစ်တပ်က လုယူ သိမ်းဆည်းလိုက်၍ ဒုက္ခရောက်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၉

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအတွက် ထောင် ဝင် စာ ပါဆယ်နှင့် အစားအသောက်ပို့ခွင့်ကို စစ်တပ်က ကန့်သတ် လိုက်ပြီး အကျဉ်းသားများ၏ အိပ်ရာခင်း၊ စောင်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို စစ်တပ်က လုယူ သိမ်းဆည်းလိုက်သဖြင့် နိုင်ငံရေးအကျဉ်းသားများ ဒုက္ခ ရောက် နေကြ ကြောင်း သိရှိရသည်။

ယခု စက်တင်ဘာလဆန်းပိုင်တွင် အကျဉ်းဦးစီးဌာနနှင့် စစ်တပ်က နိုင်ငံရေး အကျဉ်းသားများကို တင်းကျပ် စည်းကမ်းများ ချမှတ်လာပြီး ထောင်ဝင်စာ ပါဆယ်နှင့် အစားအသောက်ပို့ခွင့်များကို ကန့်သတ်လိုက်ကြောင်း၊ အဓိက အားဖြင့် နိုင်ငံရေးအကျဉ်းသားများ အခက်အခဲဖြစ်စေရန် တမင် ရည်ရွယ် ချက်ရှိရှိ စစ်တပ်နှင့်အကျဉ်းဦးစီးဌာနက လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ သည်။

“ထောင်ဝင်စာ ပါဆယ်မှာ ပါဆယ်ပို့လို့ရတဲ့ ပမာဏာကို နည်းနည်းပဲခွင့် ပြု တယ်။ အစားအသောက်တွေ အများကြီး ခွင့်မပြုတော့ဘူး။ နောက်တစ်ခါ ဆေးဝါး ဆပ်ပြာတွေလည်း ပါဆယ်မှာပေးခွင့်မရှိတော့ဘူး။ ပုံစံမျိုးစုံနဲ့ နိုင်ငံ အကျဉ်းသားတွေကို ကန့်သတ်နေပါတယ်” ဟု နိုင်ငံရေးအကျဉ်း သားများကို ကူညီနေသည့် သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်တပ်နှင့် အကျဉ်းဦးစီးဌာနက အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်း သားများ နေသည့် အဆောင်များနှင့်နေရာများကို အသေးစိတ် ပိုက်စိတ် တိုက် စစ်ဆေပြီး အိပ်ရာခင်း၊ စောင်၊ စာအုပ်၊ မိသားစုဓာတ်ပုံမှစ၍ တစ်ကိုယ်ရည်သုံးပစ္စည်းများအားလုံးကို သိမ်းဆည်းလိုက်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများအနေဖြင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ သုံးစွဲလိုပါက အကျဉ်း ဦး စီးဌာနထံမှ ပြန်လည် ဝယ်ယူ သုံးစွဲရမည်ဆိုသဖြင့် နိုင်ငံရေးအကျဉ်း သား များ ဒုက္ခရောက် နေရကြောင်း သိရှိရသည်။

“ဒိုက်ဦး ထောင်မှာအခု နိုင်ငံရေး အကျဥ်းသားတွေကို အစားအသောက်ပို့ခွင့် တွေ ကန့်သတ်တဲ့အပြင် ထောင်ဝန်ထမ်းတွေက အကျဥ်းသားတွေရဲ့ အိပ်ရာ ခင်း တွေစောင်တွေကိုပါ အကုန်သိမ်းပြီး သူတို့ဆီကပြန်လည် ဝယ်ယူ သုံးစွဲခိုင်းတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လက်ထဲမှာ ရှိပြီးသား၊ အကျဉ်း ထောင် အထဲရောက်ပြီးသား မိသားစုပုံ၊ စာအုပ်တွေကအစသိမ်းတာပါ။ အခုအကျဥ်းသားတွေက အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေ ရောင်းတဲ့စောင်မှ မဝယ်ရင်ခြုံစရာ တောင်မရှိလို့ အရမ်းဒုက္ခရောက်နေ ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားများကို ကူညီပေးနေသည့် သတင်းရင်းမြစ်က ပြောဆိုသည်။

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်က ထောင် ပြောင်း မည်ဆိုကာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများ အပေါ် အလွန်တင်းကျပ်သည့် စည်းကမ်းများဖြင့် ဖိနှိပ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကျဉ်းထောင်အတွင်း အဓိကရုန်းနှိမ်နင်းရေး လေ့ကျင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article