29 C
Yangon

မြိုင်မြို့နယ်တွင် စစ်ကြောင်းနှင့်စစ်တပ် တပ်စွဲနေရာကို ပစ်ခတ်တိုက်ခိုက်၊ ရေဖြူမြို့နယ် စစ်တပ်ဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံး

Must read

မြိုင်မြို့နယ်တွင် စစ်ကြောင်းနှင့်စစ်တပ် တပ်စွဲနေရာကို ပစ်ခတ်တိုက်ခိုက်၊ ရေဖြူမြို့နယ် စစ်တပ်ဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Phoenix Ranger (P.R.D.F) PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်း ထိုး ဝင်ရောက်ကာ မွှေနှောက်ဖျက်စီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်း သည် မြိုင်မြို့သို့ ပြန်လည် ဝင်ရောက်ကာ စုဝေးနေချိန်၌ တော်လှန်ရေး တပ်ဖွဲ့ များက Rocket 6 လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

စက်တင်လာလ ၁၇ ရက်နေ့တွင် မြိုင်မြို့ပေါ်၌ အကြမ်းဖက် စစ်သား အင်အား ၇၀ ခန့်သည် ဆေးရုံ နှင့် စာသင်ကျောင်းများတွင် စုဝေးနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက Rocket အလုံး ၂၀ ခန့်ဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးနိုင်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Phoenix Ranger (P.R.D.F) ၊ Royal Defense Force (R.D.F) နှင့် ဆင်ရိုင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် မြိုင်-ပခုက္ကူ လမ်းပိုင်းကို ည ၇ နာရီ နောက်ပိုင်းတွင် လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ရေဖြူမြို့ပေါ်ရှိ ရပ်တော်မူဘုရားအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ရပ်တော်မူဘုရားဂိတ်ကို DDT တပ်ခွဲ ၃ ၊ ဝေဟင်အဖွဲ့နှင့် နဂါးနီ ပြောက်ကျားအဖွဲ့တို့က ပူးပေါင်း၍ စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးသေဆုံးကာ ခမရ ၄၀၈ နှင့် ခမရ ၄၀၉ တပ်ရင်းတို့မှ စစ်သား ၂ ဦးသေဆုံးကာ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စနိုက်ပါ စစ်သားတစ်ဦး၏ စစ်ရေး လေ့ကျင့်မှုမြင်ကွင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article