လားရှိုးမြို့၊ ၂ ရပ်ကွက်ရှိ CS Hotel အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ၂ ရပ်ကွက်ရှိ CS Hotel အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၅၂ မိနစ်ခန့်တွင် လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်၊ စံကောင်းလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ CS Hotel အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” ပေါက်ကွဲသံ တစ်မြို့လုံးကြားရတယ်။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး မိုင်းစထိမှန်တယ်။ အမျိုးသား ၁ ဦး ကတော့ သေဆုံးသွားတယ်လို့ သိရတယ်။ ဖြစ်စဥ် အသေးစိတ်ကိုတော့ မသိရသေးဘူး။ အခု စစ်ခွေးတွေ ရောက်နေပြီ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

