ကရင်ပြည်နယ်၊ ဝေါ်လေ အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှ တပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
ရန်ကုန်၊ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဝေါ်လေ အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှ တပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၆ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဝေါ်လေအခြေစိုက် တပ်မ ၄၄ လက်အောက် ခံ ခမရ-၅၅၆ တပ်ရင်းမှ အသက် ၂၀ နှစ်အရွယ် တပ်သား ၂ ဦးသည် လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၆ ထံတွင် အလင်းဝင် လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အလင်းဝင်လာသော စစ်သား ၂ ဦးက MA-1 ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ၅.၅၆ ကျည်တောင့် ၂၃၉ တောင့် နှင့် အီကွေးမင့် ၁ စုံ တို့ယူဆောင်လာကြောင်း၊ တပ်သား ၂ ဦးကို KNU က ထိုင်းဘတ်ငွေ ငါးသောင်း ဘတ်တိတိ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
(Facebook ၏ လူမှုကွန်ရက်စည်းမျဉ်းများအရ တပ်သား ၂ ဦး၏ အမည်များနှင့် ဓာတ်ပုံများကို မဖော်ပြနိုင်ဘဲ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် အသေးစိတ်ဖော်ပြထားပါသည်။ )