24 C
Yangon

ကျုံဒိုနှင့် ကော့ကရိတ် မြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကျုံဒိုနှင့် ကော့ကရိတ် မြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၀

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်း အကြမးဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကလေးငယ် ၂ ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၅၄၆၊ ခမရ ၂၃၀ နှင့် ခလရ ၂၀၈ တပ်ရင်းမှ ၆၀မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့နယ် နောင်တလာကျေးရွာတွင်း ကျရောက်ပေါက်ကွဲပြီး နောင်တလာကျေးရွာနေ အသက် ၁၅ နှစ်အရွယ်‌ မောင်သန်း၏ နှဖူးပြင်ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် စက်တင်ဘာ ၁၆ ရက်နေ့ ည ၉ နာရီ ၂၄ မိနစ်အချိန်တွင်လည်း အကြမ်းဖက်စစ်တပ်၏ ကျိုက်ဒုံ အခြေစိုက် စကခ ၁၃ ဗျူဟာမှူး သော်ဇင်နိုင် လက်အောက်ခံ ခလရ ၅၆၁ တပ်ရင်းမှ ၆၀မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ကျိုက်ဒုံမြို့နေ အသက် ၁၅ နှစ်အရွယ် မပုပု ညာဘက်ခြေသလုံးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံ အ​​ခြေစိုက် စကခ ၁၃ မှ ဗျူဟာမှူး သော်ဇင်နိုင်၏ ညွန်ကြားမှုဖြင့် အကြမ်းဖက်စစ်သားများသည် ဒေသပြည်သူနေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် ညှင်းပန်နှိပ်စက်ခြင်းများလည်း ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article