အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ စက်တင်ဘာ ၂၀
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
သံဃာတော်များက “တော်လှန်ရေး အောင်မြင်ရန် ကြာခြင်း မကြာခြင်းဟာ ပြည်သူအားလုံးနဲ့ဆိုင်တယ် မကြာချင်ရင်ပို၍ပါဝင်ကြပါ” စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။