27 C
Yangon

အမှတ် ၁ စစ်ဒေသတွင် မကွေးတိုင်း ကွပ်ကဲရေးရုံးက ဦးစီးသည့် စစ်ပညာ မွမ်းမံ သင်တန်း ဆင်းပွဲ အခမ်းအနား ပြုလုပ်

Must read

အမှတ် ၁ စစ်ဒေသတွင် မကွေးတိုင်း ကွပ်ကဲရေးရုံးက ဦးစီးသည့် စစ်ပညာ မွမ်းမံ သင်တန်း ဆင်းပွဲ အခမ်းအနား ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၁

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၁ စစ်ဒေသတွင် မကွေးတိုင်း ကွပ်ကဲရေးရုံးက ဦးစီးကျင်းပသည့် စစ်ပညာ မွမ်းမံသင်တန်း အပတ်စဥ် ၁ သင်တန်းဆင်းပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်း အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်း တာဝန်ခံနှင့်တကွ ခရိုင်ရေးထောက်တာဝန်ခံများ၊ တပ်ရင်းမှုး၊ ဒုတပ်ရင်းမှူးများတက်ရောက်ခဲကြောင်း သိရသည်။

အဆိုပါ မွမ်းမံသင်တန်းကို မကွေးတိုင်း ကွပ်ကဲရေးရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များ တက်ရောက်ခဲ့ပြီး သင်တန်းကာလအတွင်း PDF ရဲဘော်များလိုက်နာရမည့် စစ်ဖက်ဆိုင်ရာစည်းမျဥ်း စည်းကမ်းများ (Code of Conduct) များ သင်ကြားခြင်း၊ စစ်ရေးပြနှင့် လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်ခြင်းများကို သင်ကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article