26 C
Yangon

မင်းလှမြို့နယ် ထောက်ကြန့်ကွင်းကျေးရွာမှ ကိုပတ်တီးကို စစ်တပ်က မမှန် သတင်း ဖြန့်ချိသည် ဟုဆိုကာ ဖမ်းဆီး သတ်ဖြတ်၊ ကိုပတ်တီး၏ ရင်ဘတ်တွင် ရေးထိုးထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးကို စစ်တပ်က မီးပူဖြင့် ကပ်၍ နှိပ်စက်ညှဉ်းပန်းခဲ့

Must read

မင်းလှမြို့နယ် ထောက်ကြန့်ကွင်းကျေးရွာမှ ကိုပတ်တီးကို စစ်တပ်က မမှန် သတင်း ဖြန့်ချိသည် ဟုဆိုကာ ဖမ်းဆီး သတ်ဖြတ်၊ ကိုပတ်တီး၏ ရင်ဘတ်တွင် ရေးထိုးထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးကို စစ်တပ်က မီးပူဖြင့် ကပ်၍ နှိပ်စက်ညှဉ်းပန်းခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၁

ပဲခူးတိုင်း၊ မင်းလှမြို့နယ် ထောက်ကြန့်ကွင်းကျေးရွာမှ ကိုပတ်တီးကို စစ်တပ် က မမှန်သတင်းဖြန့်ချိသည်ဟုဆိုကာ ဖမ်းဆီးပြီး မင်းလှရဲစခန်းရှိ သီးသန့် ထိန်းသိမ်းရေးစခန်းတွင် သတ်ဖြတ်လိုက်ကြောင်း၊ ကိုပတ်တီး၏ ရင်ဘတ်တွင် ရေးထိုးထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးကို စစ်တပ်က မီးပူဖြင့် ကပ်၍ နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၁ ရက်‌နေ့တွင် စစ်တပ်က ကိုပတ်တီးကို ဖမ်းဆီးခဲ့ပြီး ဩဂုတ်လ ၂၇ ရက်နေ့တွင် မင်းလှရဲစခန်းရှိ သီးသန့်ထိန်းသိမ်းရေးစခန်းတွင် ကိုပတ်တီး သေဆုံးသွားခဲ့ကြောင်း၊ စစ်တပ်က ကိုပတ်တီးသည် မိမိကိုယ်ကို သတ်သေ သည်ဟု မိသားစုဝင်များထံသို့ အကြောင်းကြားကြောင်း၊ သို့ရာတွင် ကိုပတ် တီး ၏ အလောင်းတွင် ဒဏ်ရာဒဏ်ချက်များစွာ တွေ့ရှိခဲ့ရပြီး ယင်းဒဏ်ရာများ ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောသည်။

ကိုပတ်တီးကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းမှာ မမှန်သတင်းဖြန့်ချိသည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကိုပတ်တီး၏ ဦးလေး ဖြစ်သူ စိတ်ဝေနာရှင် ဦးဗျော့ ကို စစ်တပ်က ဩဂုတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း၊ ယင်း နောက် စစ်တပ်က ဦးဗျော့ကို သတ်ဖြတ်လိုက်ပြီ ဆိုသော သတင်းများကြားရ၍ ကိုပတ်တီးက ဦးလေးဖြစ်သူ၏ နာရေးအတွက် လိုက်လံ အကူအညီ တောင်းခဲ့ ကြောင်း၊ အမှန်တကယ် ဦးဗျော့မှာ သေဆုံးခြင်းမရှိသဖြင့် စစ်တပ်က ကိုပတ် တီး ကို မမှန်သတင်းဖြန့်ချိသည်ဟုဆိုကာ ဖမ်းဆီး သတ်ဖြတ်လိုက် ခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဦးဗျော့က မသေဘူး။ စစ်ကြောရေးကနေ ရဲစခန်းကို ပြန်ပို့တယ်။ ကိုပတ်တီး ကို ရဲစခန်းက ကြို့ပင်ကောက်က စစ်ကြောရေးပို့တယ်။ အဲဒီမှာ ပြည် ဒကစ တပ်က ကာနယ်ကြီးဆိုတဲ့ စစ်ဗိုလ်က နှိပ်စက်တာ။ သူက နာမည်ကြိး။ နှိပ်စက် တာမှာ။ အဲဒီစစ်ကြောရေးမှာ သေတယ်ပဲ။ သူ့ကို မင်းလှရဲစခန်းက သီးသန့်ထိန်းသိမ်းထားတဲ့ သူတစ်ယောက်တည်း နေတဲ့အခန်းထဲက ဓာတ်ကြိုး နဲ့ သြဂုတ် ၂၇ ရက်နေ့ မွန်းလွဲ ၂နာရီမှာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချ သတ်သေ တယ် လို့ မိသားစုကို ရဲကအကြောင်းကြားတယ်။ အလောင်းမှာ ဒဏ်ရာတွေ တွေ့ရ တယ်။ အတွင်းကို ထိအောင် နှိပ်စက်ထားတာ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်တပ်က ဖမ်းဆီးခဲ့သောကို ပတ်တီး၏ ဦးလေးဖြစ်သူ ဦးဗျော့မှာ NLD ပါတီ တံဆိပ် ပါ အင်္ကျီကို အမြဲဝတ်ဆင်၍ ဆိုက်ကားနင်းသည့် စိတ်ဝေဒနာ ရှင် တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ကိုပတ်တီး၏ ရုပ်အလောင်းကို မင်းလှဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိခဲ့ပြီး ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် မိသားစုဝင်များထံ အလောင်း

ပြန်ပေးကြောင်း၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့ ကြောင်း၊ အလောင်းတွင်မူ ဒဏ်ရာများကို တွေ့ရှိရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်း ခံရသူ ကိုပတ်တီးမှာ မင်းလှမြို့ ဈေးချိုတန်းလမ်း၊ မြို့လယ် ဓမ္မာရုံအနီးတွင် ကွမ်းယာဆိုင်ဖွင့်လှစ်ထားသူ ဖြစ်ကြောင်းလည်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article