မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ပုလဲမြို့နယ်ရှိ နှောရိုးကျေးရွာအနီး တိုက်ပွဲဖြစ်ပွား
ရန်ကုန်၊ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၆ ထံမှ သိရသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြောင်မြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင်တပ်ရင်း ၆ ၊ မန္တလေးခရိုင်တပ်ရင်း ၅ ၊ MGN35 (မြင်းခြံပျောက်ကြားတပ်ဖွဲ့) ၊ Blood Brothers၊ Herro ၊ MMDF (LPDF)mdy နှင့် မဟာမိတ်များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြောင်မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောရိုးကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး ပြန်ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Royal Eagle People Defense Force ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် နေ့လည် ၁၂ နာရီ ၁၀ မိနစ်တွင် အင်အား ၇၀ ခန့်ရှိ အကြမ်း ဖက် စစ်သား၊ ပျူစောထီးများမှ ပုလဲမြို့နယ်၊ နှောရိုးကျေးရွာအတွင်း ပြည်သူပိုင်ပစ္စည်းများကို နွားလှည်း များဖြင့် ဝင်ရောက်ခိုးပြီး ပြန်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ချုံခိုတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိပြီး ၅ ဒသမ ၅၆ ကျည် ၂၂၉ တောင့် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၇ – Royal Eagle People Defense Force – (ပုလဲဗျူဟာ)နှင့် မြို့နယ်ပကဖ အဖွဲ့ဝင်များ ပူးပေါင်းကာတ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော် တစ်ဦး ကျည် တစ်ချက်နှင့် ၎င်းကိုင်ဆောင်သော သေနတ် ကျည် ၁ ချက်ထိမှန်ကာ ဒဏ်ရာရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကြောင်းသည် စက်တင်ဘာလ ၁၀ ရက် နေ့တွင် ပုလဲမြို့နယ်တွင်းသို့ ဝင်ရောက်
လာကာ လှည့်လည် စစ်ကြောင်းထိုးနေခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂၀ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့် ကလည်း အင်မထီး(ပျူ)ရွာစခန်းကို Mi 17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းသွားကြောင်း သိရသည်။
ထို့ကြောင့်မိဘပြည်သူများအနေဖြင့် အရေးပေါ်ကျည်လိုအပ်ချက်ကို ထောက်ပံ့ကူညီပေးကြပါရန်နှင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အင်မထီး(ပျူ)ရွာစခန်းသို့ ရောက်ရှိနေသဖြင့် တော်လှန်ရေး အင်အားစုများ၊ မိဘပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် Royal Eagle People Defense Force က ထုတ်ပြန်ထားသည်။
