ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ကင်းစောင့်နေသူ ၂ ဦး သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၁
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး၊ ကင်းစောင့်ပေးသော ရွာသား ၂ ဦးတို့ သေဆုံးပြီး သေနတ် ၈ လက်နှင့် ကျည်သေတ္တာ ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
စက်တင်ဘာလ ၁၈ ရက်နေ့နံနက် ၄ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ် ကပစ ၂၃ အနီးရှိ ကန့် သက်ကျေးရွာ၌ အထိုင်ချ တပ်စွဲကာ ကျေးရွာနေပြည်သူများကို အလှည့်ကျစောင့်ခိုင်းနေသည့် စစ်တပ် အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးနှင့် ကင်းစောင့်ပေးရ သော ရွာသားနှစ်ဦးတို့သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ သေနတ် ၈ လက်၊ ခဲယမ်းသေတ္တာတစ် လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ကင်းစောင့်ပေးရင်း သေသွားတဲ့ရွာသားနှစ်ဦးက ညီအစ်ကိုတွေတဲ့၊ ရွာသားတွေက ကြားကနေ ခံရတာ၊ ရွာသားတွေက ကင်းစောင့်ပေးရတာ၊ စစ်တပ်က ဖိအားပေးခိုင်းလို့၊ ဗိုလ်တစ်ယောက်သေတယ်၊ ဒဏ်ရာ ရတာတွေတော့များတယ်၊ ကပစ ၂၃ တပ်နဲ့ဆိုရင် လမ်းလေးပဲခြားတာ၊ စစ်ကူလာတာမျိုးမရှိတော့ မရှိဘူး၊ သေနတ် ၈ လက်၊ ကြည်တောင့် သေတ္တာတစ်လုံးရလိုက်တယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့်နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ကျောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကပစ ၂၃ တပ်အတွင်းမှ ညတိုင်း ညတိုင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်နေကြောင်း၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း ကပစ ၂၃ တပ်အတွင်း သို့ လေယာဉ်တစ်စီးဆင်းသက်ခဲ့ကြောင်း သိရသည်။
“တပ်ထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာကတော့ နေ့တိုင်းနီးပါးပဲ၊ အခု(စက် တင်ဘာလ ၁၉ ရက်) ညလည်း လက်နက်ကြီးတွေနဲ့ရမ်းပစ်နေတယ်၊ လက်နက်ငယ်တွေလည်း ပစ် တယ်၊ ဟိုနေ့က ဖြစ်တဲ့ ကန့်သက်ဆိုရင် လမ်းလေးပဲခြားတာ၊ စစ်ကူမလာဘူး၊ သူတို့က လက်နက် ချင်း ဆိုရင် ကြောက်နေတာ၊ လက်နက်မရှိတဲ့ပြည်သူတွေဆိုရင်သာ အနိုင်ကျင့်တာ” ဟု ဒေသနေ ပြည်သူ တစ်ဦးက လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
