35 C
Yangon

လှိုင်သာယာနှင့် ရွှေပေါက်ကံရှိ အဆောင်များနှင့် ကျူးကျော်များကို စစ်တပ်က တစ်ခန်းလျှင် ကျပ် ၁၀၀၀၀ ပေးဆောင်ရန် အတင်း အဓမ္မ ခြိမ်းခြောက် တောင်းခံ

Must read

လှိုင်သာယာနှင့် ရွှေပေါက်ကံရှိ အဆောင်များနှင့် ကျူးကျော်များကို စစ်တပ်က တစ်ခန်းလျှင် ကျပ် ၁၀၀၀၀ ပေးဆောင်ရန် အတင်း အဓမ္မ ခြိမ်းခြောက် တောင်းခံ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် နှင့် ရွှေပေါက်ကံမြို့နယ်ရှိ အဆောင်များနှင့် ကျူးကျော်များကို အကြမ်းဖက် စစ်တပ်က တစ်ခန်းလျှင် ကျပ် ၁၀၀၀၀ ပေးဆောင်ရန် အတင်း အဓမ္မ ခြိမ်းခြောက် တောင်းခံနေကြောင်း ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာရပ်ကွက်ရှိ အဆောင်များကို အကြမ်းဖက် စစ်တပ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အောင်မြေသာယာဘုရားထီးတင်ရန်ဟုဆိုကာ အဆောင်တစ်ခန်းလျှင် ကျပ် ၁၀၀၀၀ နှုန်း ပေးဆောင်ရန် အတင်း အဓမ္မ ခြိမ်းခြောက် ကောက်ခံခဲ့ကြောင်း သိရသည်။

ထို့ပြင် သဲကွင်းရှိ ကျူးကျော်အိမ်များကိုလည်း တစ်အိမ်လျှင် ကျပ် တစ်သောင်းနှုန်း ကောက်ခံနေပြီး ကျူးကျော်အိမ်များမှာ ၅၀၀ ကျော်ရှိကြောင်း၊ ညောင်ကျေးရွာရပ်ကွက်တွင် အဆောင်ပေါင်း ၄၀၀ ကျော်ရှိပြီး အဆောင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိကြောင်း ၊ အလှူငွေများကို စက်တင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ရပ်ကွက်ရုံးသို့ လာပေးရန် အတင်းအဓမ္မလိုက်လံ ခြိမ်းခြောက်ပြောဆိုနေခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတသ်စ်သတင်းဌာနသို့ပြောကြားသည်။

“အလူငွေများကို ၂၄ရက်နေ့ နောက်ဆုံးထားပြီး ရပ်ကွက်ရုံးကို လာဆောင်ရမယ်လို့ အပိုင်ရာအိမ်မှူးများမှ အဆောင်များကို လိုက်လံခြိမ်းခြောက်ပြောဆိုနေပါတယ်။ ညောင်ရွာတစ်ရပ်ကွက်ထဲကောက်တာ မဟုတ်ဘူး။ တစ်မြို့နယ်လုံး ကောက်တာ။ အလှူငွေ မထည့်မနေလို့ မရဘူး၊ မထည့်ရင် တရားစွဲးမယ်လို့ အပိုင်ရာအိမ်မှူးများမှ ပြေားဆိုသွားပါတယ်”ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ထို့ပြင် လှိုင်သာယာမြို့နယ် တစ်ခုတည်းတင်သာမကဘဲ ရွှေပေါက်ကံမြို့နယ်ရှိ အဆောင်များကိုလည်း တစ်လွှာ ၁၀၀၀၀ ပေးရန် ဖိအားပေးပိုက်ဆံကောက်နေကြောင်းလည်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article