29 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းနေတဲ့ အတွက် KNU ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စနစ်တွေကို အစားထိုး အုပ်ချုပ်နေပြီဖြစ်တယ်လို့ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစော တောနီး က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ဗိုလ် ၁ ဦး နဲ့ ကင်းစောင့် ၂ ဦး သေသွားပြီးတော့ သေနတ် ၈ လက် နဲ့အတူ ကျည် သေတ္တာ ၁ လုံးကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ကရင်နီ-ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့အထဲ အမျိူးသမီး ရဲဘော်တွေလည်း ပူးပေါင်းပါဝင်နေတယ်လို့ KNDF/B-12 ကနေ ထုတ်ပြန်ထားပါတယ်။

– ပဲခူးတိုင်း၊ မင်းလှမြို့နယ် ထောက်ကြန့်ကွင်း-ကျေးရွာက ကိုပတ်တီး ဆိုသူကို အကြမ်းဖက် စစ်တပ် က မမှန်သတင်း ဖြန့်ချိတယ်ဆိုတဲ့ကြောင်းပြချက်နဲ့ ဖမ်းဆီးပြီးနောက် ၊ ကိုပတ်တီးရဲ့ ရင်ဘတ်မှာထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးကို မီးပူနဲ့ကပ်ပြီး အကြမ်းဖက် စစ်တပ်က နှိပ်စက်ညှဉ်းပန်းသတ်ဖြတ် ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article