33 C
Yangon

ယင်းမာပင်ခရိုင်အတွင်း ရဲများက ဒုစရိုက် လုပ်ငန်းများကို မနှိမ်နင်းဘဲ ခွင့်ပြုထားကာ အထက်လူကြီးများကို ရှာကျွေးနေရကြောင်း BNRA မှ ဖမ်းဆီးရမိသည့် ရဲတပ်ကြပ်က ဝန်ခံ ပြောဆို

Must read

ယင်းမာပင်ခရိုင်အတွင်း ရဲများက ဒုစရိုက် လုပ်ငန်းများကို မနှိမ်နင်းဘဲ ခွင့်ပြုထားကာ အထက်လူကြီးများကို ရှာကျွေးနေရကြောင်း BNRA မှ ဖမ်းဆီးရမိသည့် ရဲတပ်ကြပ်က ဝန်ခံ ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင်များက ဒုစရိုက် လုပ်ငန်းများကို မနှိမ်နင်းဘဲ ခွင့်ပြုထားကာ အထက်လူကြီးများကို ရှာကျွေးနေရကြောင်း BNRA မှ ဖမ်းဆီးရမိသည့် ရဲတပ်ကြပ်က ဖွင့်ဟ ပြောဆိုခဲ့သည်။

ဖမ်းဆီးရမိသည့် ရဲတပ်ကြပ် ခင်မောင်ထွန်းကို ဗမာ အမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)၏ ဥက္ကဌဖြစ်သူ ဗိုလ်နဂါးက မေးမြန်းစစ်ဆေးစဥ်၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လောင်းကစားတွေ ဒုစရိုက် လုပ်ငန်းတွေကို မနှိမ်နင်းဘူး။ ဒုစရိုက် လုပ်ငန်းတွေကို မွေးပြီးတော့ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် လူကြီးကို ရှာကျွေးရတယ်” ဟု ရဲတပ်ကြပ် ခင်မောင်ထွန်းက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က စစ်ကြောရေးစခန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအပြင် သတ်ဖြတ်မှုများပါ ပြုလုပ်ကြောင်း၊ ကျေးရွာများအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာလျှင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း၊ စစ်သားများက ရဲများကို ခေတ် အဆက်ဆက် နှိမ်၍ ဆက်ဆံပြီး အနှိမ်ခံ ဘဝဖြင့် နေထိုင်ရကြောင်း ရဲတပ်ကြပ် ခင်မောင်ထွန်းက ဆက်လက် ဝန်ခံ ပြောဆိုသည်။

အဆိုပါ ရဲတပ်ကြပ်ကို စက်တင်ဘာလ ၄ ရက်နေ့တွင် ဗမာအမျိုးသား တော်လှန် ရေးတပ်မတော် (BNRA) နှင့် ဒေသတော်လှန်ရေး တပ်ဖွဲ့ တစ်ခုက ရဲတပ်ကြပ် ခင်မောင်ထွန်းကို ယင်းမာပင် မြို့နယ် အမှတ်၂၈ ရဲတပ်ရင်းနှင့် ရွှေတောင်ဦးတပ်ကုန်းကြားရှိ စျေးဆိုင်တန်းများ အကြား လောင်းကစားဝိုင်းအတွင်း လက်ရဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article