25 C
Yangon

ဖားကန့်တွင် ဆေးခန်းလာပြသည့် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ ဖားကန့် မြို့အဝင် စစ်တပ်ဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဖားကန့်တွင် ဆေးခန်းလာပြသည့် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ ဖားကန့် မြို့အဝင် စစ်တပ်ဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်တွင် ယနေ့ ညနေပိုင်း ဆေးခန်းလာပြသည့် ရဲ ၃ ဦးကို KIA နှင့် PDF ပူးပေါင်းတပ်များက ပစ်ခတ် တိုက် ခိုက်ရာ ရဲ ၂ ဦးသေဆုံးသွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ် နှင့်ဒေသပြည်သူများက ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရပ်ကွက်ရှိ ဆေးခန်းသို့ ရဲ ၃ ဦးက Toyota Ipsum ကားဖြင့် လာရောက် ဆေးခန်း ပြစဉ် အဆိုပါကားကို KIA PDF ပူးပေါင်းတပ်များက ကားပေါ်မှ သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ရဲ ၃ ဦးအနက် ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

“ရဲတွေနဲ့ စစ်တပ်တွေက အဲဒီ ဆိုင်းတောင်ရပ်ကွက်မှာရှိတဲ့ ဆေးခန်းကို ပုံမှန်လို ဆေးခန်းလာပြလေ့ရှိတယ်။ အဲဒီဆေးခန်းက စစ်တပ်နဲ့ ရဲတွေ အကုန် မကြာခဏ ဆေးလာကုတဲ့နေရာပါ။ အဲဒါ ဒီနေ့ ညနေ ၅ နာရီမှာ ရဲ ၃ ဦးက ဆေးခန်းလာပြတာကို တော်လှန်ရေးရဲဘော်တွေက ကားပေါ်ကနေ တစ်ဆင့် ပစ်ခတ်တာ။ ရဲ ၂ ဦးတော့ ပွဲချင်းပြီးပဲ။ ၁ ဦးကလည်း သေဖို့များတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့တွင်လည်း ဖားကန့်မြို့အဝင် ပန်းတင်ရဲကင်းဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် ဖားကန့်မြို့အဝင် ၊မော် ဝမ်း ရပ်ကွက်၊ ပန်းတင်တံတားစောင့် စစ်ကောင်စီတပ်ဂိတ် KPDF က လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အဲဒီဂိတ်က မြို့အဝင်ဂိတ်ဆိုတော့ ဆိုင်ကယ်နဲ့ ကားတွေကို ပိုက်ဆံမတရား တောင်းတယ်။ မသင်္ကာတဲ့ပြည်သူတွေကို ရိုက်နှက် ထိုးကြိတ်ကြတယ်။ စစ် ခွေး နဲ့ ရဲခွေးတွေက။ မနေ့က နေ့လယ်ပိုင်း တိုက်ခိုက်မှုမှာ ၄၀ မမနဲ့ ပစ် တယ်လို့ ပြောတယ်။ အဲဒါ စစ်သား ၂ ဦးပွဲချင်းပြီး ဆုံးတယ်” ဟု ဖားကန့်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ ညနေပိုင်း ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်တွင် ပစ်ခတ် ခံရသော ရဲကားဖြစ်ပြီး ယင်းရဲကားတွင် လိုက်ပါသော ရဲ ၃ ဦးအနက် ၂ ဦးသေ ဆုံးကာ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article