တန့်ဆည်မြို့ပေါ် တပ်စခန်းများနှင့်ရုံးများကို PDF များက တိုက်ခိုက် သိမ်း ပိုက်ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် တုံ့ပြန်တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ် တပ်စခန်းများနှင့်ရုံးများကို PDF များက တိုက် ခိုက် သိမ်း ပိုက်ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် တုံ့ပြန်တိုက်ခိုက်ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရရှိကြောင်း ဒေသ ပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလ ၂၂ရက်နေ့ မွန်းလွဲ ၁၂နာရီ ၄၈မိနစ်နှင့် မွန်းလွဲ ၁နာရီ ၆ မိနစ် တို့တွင် တန့်ဆည်မြို့ အရှေ့ဘက်ရှိ အက်တောရွာနှင့် သဲတောကျေး ရွာဝန်းကျင် ကို စစ်တပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံးများကျဲ ချ၍ လေကြောင်းတိုက် ခိုက်မှု ပြု လုပ်ခဲ့ကြောင်း၊ ဒေသကာကွယ်ရေး အဖွဲ့ဝင် တစ်ဦး အပါအဝင် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
“မြို့ပေါ်တိုက်ပွဲပြီးတဲ့နောက် တိုက်ပွဲနေရာတွေကို စကစတွေ ရှင်းလင်းရေး လုပ်တယ်။ အဲ့ဒီအချိန်မှာပဲ စစ်ကား၄စီးနဲ့ အင်အားဖြည့်တာ။ နေ့လယ်ရောက် တော့ လေကြောင်းက ၂ ကြိမ်လာပစ်တာ။ ဗုံး၃ လုံးလည်း ကျဲတယ်” ဟု ပြောသည်။
စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများမှာ မဝတ်ရည်လဲ့ အသက် ၃၁နှစ်၊ အသက် ၂ နှစ်ခွဲအရွယ် နေသူရိန်ဦး ဆိုသည့် ကလေးငယ် အပါအဝင် သားအမိ ၂ ဦး (စိုးရိမ်ရ)၊ အသက် ၂၆ နှစ်အရွယ် မပြည့်ပြည့်ဝင်း ၊ အသက် ၃၅ နှစ်အရွယ် ကိုတရုတ်ကြီး တို့ဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ စက်တင်ဘာလ၂၂ ရက်နေ့ နံနက် ၁၂နာရီ ၃၃မိနစ်မှ ၃နာရီခွဲခန့် အချိန်အထိ တန့်ဆည်မြို့ လဝကရုံး၊ မြို့နယ်ပညာရေးရုံး၊ တရားရုံးနှင့် ရွှေ ဒေါင်း မင်းဆီဆိုင် တို့ တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF တပ်များ က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂၃ ဦးခန့် သေဆုံးပြီး MA-13 သေနတ် ၃ လက်၊ G-3 သေနတ် ၃လက်၊ ကာဘိုင်သေနတ် ၇လက်နှင့် ခြောက်လုံးပြူးသေနတ် တစ်လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။