25 C
Yangon

သရက်ချောင်းရှိ ထားဝယ်-ပုလော လမ်းပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

Must read

သရက်ချောင်းရှိ ထားဝယ်-ပုလော လမ်းပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၃

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ထားဝယ်-ပုလော လမ်းပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိန်းငှက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် သရက်ချောင်းမြို့ ရငဲ ရွာဘက်မှ ကျောက်ဆည်ရွာဘက်ကို စစ်ကား ၁ စီး၊ အင်အား ၁၅၀ ပါ ခြေလျင် စစ်ကြောင်းတို့ကို သိန်းငှက် ပြည်သူ့ကာကွယ်ရေးပြောက် ကျားတပ်ဖွဲ့က ပိတောက်ကြီးရွာနှင့် အောက်သရက်ချောင်းကျေးရွာ အကြားရှိ နတ်ရေအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ရန် မိုင်းထောင်နေစဥ် စစ်ကားပေါ်မှ စစ်သားများက လှမ်းမြင်သွားသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ နှစ်ဖက် ပစ်ခတ်မှုအတွင်း သိန်းငှက်အဖွဲ့က အင်အားနည်း သော်လည်း အတွဲလိုက် ပစ်ခတ်ခဲ့သောကြောင့် စစ်သားများ ရှေ့မတိုးနိုင်ဘဲ သေဆုံးသွားသော စစ်သား အလောင်းများကို ကားပေါ်သို့ ဆွဲတင်သွားကာ သိန်းငှက်အဖွဲ့က ကျည်အင်အား လက်နက် အင်အား နည်းခြင်းကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

” စစ်ခွေး ၅ ကောင်သေတယ်လို့ သိရတယ်။ သေသွားတဲ့ စစ်ခွေး အလောင်းတွေကို ကားပေါ် ဆွဲတင်သွားတာ မြင်ရတယ်” ဟု သိန်းငှက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article