မြင်းမူ ခြေရာတော်ရွာအနီးတွင် တော်လှန်ရေး ရဲဘော် ၂၂ ဦးနှင့် ပြည်သူ ၃ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်
ရန်ကုန်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူ-မြောင်လမ်းပေါ်ရှိ ခြေရာတော်ရွာအနီး တွင် စစ်တပ်က တော်လှန်ရေးရဲဘော် ၂၂ ဦးနှင့် ပြည်သူ ၃ ဦးကို ဖမ်းဆီး၍ အစု လိုက်အပြုံလိုက် သတ်ဖြတ်သွားကြောင်း မြောင်မြို့နယ် တော်လှန်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဘိုးမင်းကြီး ကင်းရွာမှ မှ ထွက်ခွာလာသော စစ်တပ်နှင့်ပျူစောထီးများက ခြေရာတော် ကျေးရွာ အနီး မြင်းမူ-မြောင်လမ်းပေါ်တွင် သွားလာနေသည့် စစ်ဘေးရှောင် ပြည်သူများနှင့် ရဲဘော်များကို ဖမ်းဆီး၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခု ကျနော်တို့ ဖြစ်စဉ်ကို သေချာ စိစစ်နေတယ်။ သေချာတာက တော်လှန်ရေး ရဲဘော်တွေက ပြည်သူတွေကို ကူညီကယ်ထုတ်ရင်း အလစ် အငိုက် အဖမ်းခံရပြီး အသတ်ခံရတာ။ ရက်ရက်စက်စက် အသတ်ခံလိုက် ရတယ်” ဟု မြောင်ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။