33 C
Yangon

ကြာအင်းဆိပ်ကြီးရှိ ခလယ်တံခွန်တိုင်ကို ဝင်ရောက် လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ကြာအင်းဆိပ်ကြီးရှိ ခလယ်တံခွန်တိုင်ကို ဝင်ရောက် လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကြာအင်း ဆိပ်ကြီး မြိုနယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင် စီ၊ BGF ပူးပေါင်းစစ်ကြောင်းကို KNLA ဦးဆောင်မှုဖြင့် ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့ရာ စက်တင်ဘာလ ၂၂ ရက်နေ့အထိ တစ်ပတ်အတွင်း ၈၁ မမ ၊ ၆၀ မမ ဗုံးသီး အလုံးရေ ရာကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း – ခလရ ၂ တပ်ရင်းများနှင့် BGF နယ်ခြားစောင့်တပ် အမှတ် ၁၀၂၁ တပ်ရင်း အစရှိသည့် တပ်များပါဝင် တိုက်ခိုက် ခဲ့ကြပြီး အဘစ်ကျေးရွာအခြေစိုက် အမြောက်တပ် အမတ-၃၁၈မှ ၁၂၂မမ ဟောင်ဝစ်ဇာ အမြောက်များ၊ ၁၂၀မမ လက်နက်ကြီးများအပြင် လေကြောင်းပစ်ကူများ အများအပြား အသုံးပြုကာ ပစ်ကူပေး တိုက် ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ကား ၈ စီး ဖြင့် BGF များ၏ အကူအညီယူကာ မော်လမြိုင် ကုတင်၃၀၀ စစ်ဆေးရုံသို့ သယ်ဆောင်သွား ကြောင်း သိရသည်။

“ဒါက Cloud Wings ရဲ့ ဒရုန်းမစ်ရှင်သီးသန့်သတင်းထုတ်လိုက်တာပါ၊ ကျနော်တို့ Cloud Wings ရဲဘော်တွေတော့ အားလုံးဘေးကင်းပါတယ်၊ ဒရုန်းတစ်စီးတော့ ပျက်စီးဆုံးရှုံးသွားတယ်၊ လေကြောင်း ကတော့ လေးငါးကြိ်မလောက်လာတယ်၊ အဓိကက အမတ ၃၁၈ အဘစ်အမြောက်တပ်ကနေ အဆက် မပြတ် ဟောင်ဝှစ်ဇာတွေ ၁၂၀ မမတွေ၊ ၁၂၂ မမတွေနဲ့ တောက်လျှောက်ပစ်တာပေါ့” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ခလယ်တံခွန်တိုင်ရွာအတွင်း ဝင်ရောက် တပ်စွဲနေပြီး ဒေသနေပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြရကြောင်း၊ ထွက်ပြေး တိမ်း ရှောင် နေသည့် ပြည်သူနေအိမ်များကို အကြမ်းဖက်စစ်သားများမှ ဖောက်ထွင်းဖျက်စီးကာ အဖိုးတန် ပစ္စည်းများနှင့် ငွေကြေးများ ခိုးယူလုယက်နေသည့် အပြင် ရွာသူ၊ ရွာသားများကိုလည်း ဖမ်းဆီးရိုက်နှက် မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ၏ ဦးဆောင် မှုဖြင့် နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ-SOF နှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Cloud Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်းတစ်စီး ပျက်ကာ အကြမ်းဖက် စစ် သားများမှ ကောက်ယူသိမ်းဆည်းသွားသဖြင့် ဆုံးရှုံးခဲ့ရကြောင်း၊ ယခု ထုတ်ပြန်ချက်သည် ဒရုန်း စစ်ဆင်ရေး သီးသန့်သာ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း Cloud Wings တပ်ဖွဲ့က ထုတ်ပြန် ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article