25 C
Yangon

မြဝတီရှိ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ထားဝယ်တွင် လူစုနေသည့် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး

Must read

မြဝတီရှိ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ထားဝယ်တွင် လူစုနေသည့် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း Cobra Column 2 VENOM စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မြဝတီမြို့နယ်၊ တပ်မဟာ ၆ နယ်မြေအတွင်းရှိ ရွှေအေးမြိုင် ဘုရားကုန်း၌ တပ်စွဲထားသော ခမရ ၅၅၉ မှ စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး KNLA ပူးပေါင်းအဖွဲ့၊ KTLA ပူးပေါင်းအဖွဲ့များနှင့် Cobra Column 2 VENOM စစ်ကြောင်းက ပြောက်ကျား စစ်ဆင်ရေးအဖြစ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အဆိုပါ ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ဝေါ်လေသို့ ခေါ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တပ်တွေကို အနားမပေးဘဲ ပြောက်ကျား စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း Cobra Column 2 VENOM မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် လူစုနေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာ ဘုန်းကြီးကျောင်းအတွင်း၌ လူစုနေသော စစ်သားများကို ၁၀၀ ကျော်ခန့်ကို ထားဝယ်စုပေါင်း စစ်ကြောင်းက စနိုက်ပါဖြင့်သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ကန်းတုံးရွာမှထွက်ခွာလာသည့် စစ်သားများသည် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပကာရီဖက်ကို ရောက်ရှိလာပြီး ဒဏ်ရာရရှိလာသော စစ်သားများကို အိမ်စီးကားဖြင့် ထားဝယ်သို့ ပို့ဆောင်လိုက်ပြီး ညနေပိုင်းတွင် ရေဝိုင်းရွာဘက်ကို စစ်သား ၁၀၀ ဦးကျော်ဝင်ရောက်သွားပြီး ကျေးရွာနေ ပြည်သူများနှင့် နီးစပ်ရာ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article