29 C
Yangon

သာစည်မြို့နယ်၊ ပျော်ဘွယ်လမ်းပေါ်တွင် အင်အား ၃၀ ခန့်ပါ စစ်ကားကို မိုင်း ဆွဲ၊ ချောက်မြို့နယ်၊ မြို့မရဲစခန်းရှေ့ လုံခြုံရေး ဘန်ကာထဲသို့ လက်ပစ်ဗုံး ပစ် ထည့် တိုက်ခိုက်

Must read

သာစည်မြို့နယ်၊ ပျော်ဘွယ်လမ်းပေါ်တွင် အင်အား ၃၀ ခန့်ပါ စစ်ကားကို မိုင်း ဆွဲ၊ ချောက်မြို့နယ်၊ မြို့မရဲစခန်းရှေ့ လုံခြုံရေး ဘန်ကာထဲသို့ လက်ပစ်ဗုံး ပစ် ထည့် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၄

မန္တလေးတိုင်း သာစည်မြို့နယ် ယမုံနာကျေးရွာအနီး ပျော်ဘွယ်လမ်းပေါ်တွင် တောင်ကြီးမြို့မှ ဆင်းလာသည့် အင်အား ၃၀ ခန့်ပါသည့် စစ်ကားကို စက်တင် ဘာ ၂၃ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့် လဲကျသွားခဲ့ ကြောင်း တော်လှန်ရေး အဖွဲ့က ပြောဆိုသည်။

“မနေ့က ၁ နာရီ ၄၅ မိနစ်လောက် တောင်ကြီးက ဆင်းလာတဲ့ ခွေး အကောင် ၃၀ လောက်ပါတဲ့ ကားကို ဆွဲမိုင်း ၂လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ခွေး ၁၀ ကောင် လောက် အတုံးအရုံးပဲ။ အတိအကျတော့ မသိရသေးဘူး။ ကြိုတင် သတင်းရလို့ တိုက်ခိုက်တာပါ” ဟု တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို အမှတ် ၉၀၃ တပ်ရင်း၊ ဂဠုန် PDF တပ်ခွဲ ၁ နှင့် တိုက်ဒေါင်ပြည်သူ့ကာကွယ်ရေးတပ် နတ်မောက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၈ မိနစ်တွင် မကွေး တိုင်း၊ ချောက်မြို့ မြို့မရဲစခန်းဝင်း အရှေ့ဂိတ်ရှိ ဘန်ကာ သုံးခု အတွင်းသို့ လက် ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း၊ လက်ပစ်ဗုံးသည် ဘန်ကာအတွင်းသို့ တည့်တည့်ကျပြီး ပေါက်ကွဲခဲ့ကာ စစ်သားနှင့်ရဲများ ထိခိုက်သေဆုံးမှု ရှိနိုင် ကြောင်း မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F)၊ ချောက်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေနံချောင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ကရင်နီပြည်နယ်တွင် မိုင်းမိထားသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article