25 C
Yangon

ပလမြို့နှင့် ရေဖြူတို့တွင် စစ်တပ်က ပြည်သူ ၁၀ ဦးကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

ပလမြို့နှင့် ရေဖြူတို့တွင် စစ်တပ်က ပြည်သူ ၁၀ ဦးကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ စက်တင်ဘာ ၂၄

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံ မှ သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီခန့်တွင် ပလမြို့ အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များ အတွင်း ဝင်ရောက် ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် ဒေါ်သီတာမွှေး၊ ဦးထွေးသိန်း၊ ဦးနော်မဲ၊ ဦးကိုလတ်၊ ဦးနိုင်မင်း၊ ဦထွေးစိုး တို့ပါဝင်ပြီး ကျန်ရှိသူများ၏ အမည်များကို မသိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

လက်ရှိချိန်ထိ ဖမ်းဆီးခံရသည့် အကြောင်းအရင်းကို အတိအကျ မသိရသေးဘဲ ငွေကြေးချမ်းသာများကို ရွေးချယ်ဖမ်းသွားသောကြောင့် ငွေညှစ်ရန် သက်သက်ဖြစ်နိုင်ကြောင်း၊ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများကို ပလမြို့ ရဲစခန်း၌ ချုပ်နှောင်ထားကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ခမောင်းချောင်းရွာမှ ပြည်သူ ၄ ဦးခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် အင်အား ၇၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဖြူမြို့နယ် အနောက်ဖက်ကမ်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းလမ်းအတိုင်း ကင်းတံတား (ကမ်းခါး)ကို ဖြတ်ပြီး ဝင်ရောက်လာကာ ဧကနိရွာနှင့် ခမောင်းချောင်းရွာတို့ကို စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး ကျေးရွာအတွင်း အစားအသောက်များ ဝင်ရောက် ယူဆောင်သည့် ခမောင်းချောင်းကျေးရွာမှ ပြည်သူ ၄ ဦးခန့်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများကို လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ်င စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ရငဲနှင့် ဝဇွမ်းတောရွာတွင် နေထိုင်သော ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧကနိရွာနှင့် ခမောင်းချောင်းရွာရှိ ပြည်သူပိုင် နေအိမ်များနှင့် စျေးဆိုင်များကိုလည်း ဝင်ရောက် မွှေနှောက်ဖျက်ဆီးသွားပြီး စားစရာနှင့် တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article