Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံ သတင်း အစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်း တွေကတော့
– ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေ ကနေ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း F 7 တိုက်လေ ယာဉ် ၂ စီး ကို ထိမှန်ခဲ့တယ်လို့ တော်လှန်ရေး ပြောက် ကျားတပ်ဖွဲရဲ့ ဗိုလ်တောက် က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်-ရပ်ကွက်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ရဲကင်း စခန်း နဲ့ စရဖ- ရုံး ကို ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက KIA၊PDF ပူးပေါင်း တပ်တွေ ကနေ ပူးပေါင်း တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက် သေဆုံး မှုတွေရှိနိုင် တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာရှိတဲ့ ယာဒိုပရယ်စောကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ် နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် တချို့ ပျက်ဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်