25 C
Yangon

လိုင်လင်းပီမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေသဖြင့် တိုက်ပွဲဖြစ် ပွားနေပြီး ပြည်သူများ လုံးဝ ဝင်ရောက်ခြင်းမပြုရန် သတိပေး

Must read

လိုင်လင်းပီမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေသဖြင့် တိုက်ပွဲဖြစ် ပွားနေပြီး ပြည်သူများ လုံးဝ ဝင်ရောက်ခြင်းမပြုရန် သတိပေး

ရန်ကုန်၊ စက်တင်ဘာလ ၂၅

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်းလင်းပီမြို့၌ တိုက်ပွဲဖြစ်ပွားနေပြီး မြို့ကို ဝင်ရောက်ခြင်းမပြုကြရန် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ – MDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်မှ မှစ၍ ယခုညပိုင်းအထိ မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ – MDF နှင့်အကြမ်းဖက်စစ် ကောင်စီတပ် တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး မိဘပြည်သူများအနေ ဖြင့် လိုင်းလင်းပီမြို့တွင်း သို့ ဝင်ရောက်ခြင်း လုံးဝမပြုလုပ်ကြရန် သတိပေးထားကြောင်း သိရသည်။

“လိုင်းလင်းပီမြို့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ ညနေ ၅ နာရီလောက်မှာ MDF က စီးနင်းတိုက်ခိုက် နေ တာ၊ လိုင်းလင်းပီမြို့မှာ စစ်ခွေးတွေ ပစ်လို့ အိမ်တွေ ပျက်စီးတာရှိတယ်၊ လက်နက်ကြီးလက်နက်ငယ် သံတွေတော့ ကြားနေရတယ်လို့ ထွက်ပြေးလာတဲ့သူတွေဆီက သိရတယ်၊ ဖုန်းလိုင်း အခက်အခဲကြောင့် အကြောင်းစုံတော့ မသိရသေးဘူး၊ အခုထိဖြစ်နေတုန်းပဲ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။

ပြည်သူများအနေဖြင့် စစ်ရေး သတိရှိကာ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) က နောက်ထပ် ထုတ်ပြန်မှု မပြုလုပ်မီအချိန်အထိ ယခုထုတ်ပြန်ချက် ကို လိုက်နာဆောင်ရွက်ပေးကြပါရန် အလေး အနက် သတိပေးမေတ္တာရပ်ခံ ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article