Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီအဖွဲ့ဝင် သစ်အဖြစ် စစ်ခေါင်းဆောင် ဟောင်း သန်းရွှေ ရဲ့ လောင်းရိပ်မကင်းတဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ် ၂ ဦးကို ခန့်အပ်ပြီး သွေးသစ် စစ်ဗိုလ်ချုပ်တွေကို နေရာမပေးသေးဘူးလို့ စစ်ဘက်အသိုင်းအ၀ိုင်းဆီကနေ သိရပါတယ်။
– ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းက ဘီးချောင်းကုန်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၆ ဦး သေသွားပြီး ၊ PDF ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူသွားရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှာ စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက အပြန်အလှန် ပစ်ခတ်မှု တွေနဲ့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ကတိုက်လေယာဉ်တွေနဲ့ပါ ပစ်ခတ်မှု တွေ လုပ်ဆောင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။