26 C
Yangon

လိုင်လင်းပီမြို့ပေါ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၊ ကွတ်ခိုင်မြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

Must read

လိုင်လင်းပီမြို့ပေါ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၊ ကွတ်ခိုင်မြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၂၆

ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ လိုင်လင်းပီမြို့ပေါ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် လိုင်လင်းပီမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့် Maraland defense force MDF တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

” လိုင်လင်းပီမြို့မှာ မွန်းလွဲ ၂ နာရီကနေစပြီး MDFနဲ့ စစ်တပ်တို့ မြို့ပေါ်မှာ အပြင်းအထန် တိုက်ပွဲဖြစ်နေပါတယ်။ အခုချိန်ထိ အသေအပျောက်တော့ မသိရသေးပါဘူး။ မြို့ပေါ်မှာ ရပ်ကွက်လိုက် လူစုပြီး နေနေကြပါတယ်။ လောလောဆယ် မြို့အဝင်အထွက် ပိတ်ထားပါတယ်။ စစ်တပ်ကတော့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

လိုင်လင်းပီမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့် MDF တို့ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက စတင်ကာ ညပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် ထပ်မံ ဖြစ်ပွားနေခြင်း ဖြစ်​ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာမှ တအာင်းတပ်မတော်ရှိရာ လင်းလုံအနီးကို အကြမ်းဖက် စစ်တပ်၏ စကခ – ၁၇ ၊ ခမရ – ၅၇၄ ၊ ၅၇၇၊ ရမခ ၊ ခလရ – ၄၅ နှင့် ပြည်သူ့စစ်များ ပူးပေါင်းကာ ထိုးစစ်ဆင် လာသောကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ နမ့်ဖက်ကာ တပ်စခန်းနှင့် လွယ်ကီလောက် တပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် ပန်နော၊ ဆိုင်ခေါင်နှင့် ခိုမုန်းရွာအနီးကို လက်နက်ကြီးများဖြင့် ၁၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article