25 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ၊ ဝန်းသိုမြို့ပေါ် ကင်းလှည့်နေသော စစ်ကြောင်းကို ပစ်ခတ်မှု စစ်သား ၄ ဦးသေဆုံး

Must read

ခင်ဦးမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ၊ ဝန်းသိုမြို့ပေါ် ကင်းလှည့်နေသော စစ်ကြောင်းကို ပစ်ခတ်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် လှည့်လည်စစ်ကြောင်းထိုးနေသော စစ်တပ် ကို မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသတော်လှန်ရေးတပ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးမှ ထွက် လာသော စစ်တပ်စစ်ကြောင်းကို ခင်ဦးမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာနှင့် ကြာပင်အိုင်ကျေးရွာအကြား မိုင်းမိသွားကြောင်း၊ သွေးစများ၊ အသားစများ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့ စစ်ကိုင်းတိုင်း ၊ ဝန်းသိုမြို့ ၊ မြို့သစ် ရပ်ကွက်တွင် ကင်းလှည့်နေသော စစ်တပ်စစ်ကြောင်းကို PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

“ကင်းလှည့်နေတုန်း အပစ်ခံရတာ စစ်ကြောင်းကို ပစ်တာ။ မြို့ပေါ်မှာတင်ပဲ ဝင်ပစ်သွားတာ။ ၄ ဦးပွဲချင်းပြီး ဆုံးပါတယ်” ဟု ဝန်းသိုမြို့ စစ်တပ်နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ခင်ဦးတွင် မိုင်းထိသွားသော စစ်ကြောင်းမှ ကြွင်းကျန်ရစ်သော အစအနများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article