25 C
Yangon

ပုလဲမြို့နယ်၊ ညောင်ကုန်းရွာတွင် စစ်တပ်က တော်လှန်ရေး ရဲဘော် ၃ ဦးကို ခြေ ၊ လက်၊ ဦးခေါင်းများ ဖြတ်တောက် သတ်ဖြတ်ပြီး ဖြတ်ခံထားရသည့် ဦးခေါင်း တွင် “ကျား ဘီလူး စစ်ကြောင်း”ဟု စာရေးသားခဲ့

Must read

ပုလဲမြို့နယ်၊ ညောင်ကုန်းရွာတွင် စစ်တပ်က တော်လှန်ရေး ရဲဘော် ၃ ဦးကို ခြေ ၊ လက်၊ ဦးခေါင်းများ ဖြတ်တောက် သတ်ဖြတ်ပြီး ဖြတ်ခံထားရသည့် ဦးခေါင်း တွင် “ကျား ဘီလူး စစ်ကြောင်း”ဟု စာရေးသားခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်က ပကဖ အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးပြီး ခြေ၊ လက်၊ ဦးခေါင်း တို့ကို ပိုင်းဖြတ် သတ်ဖြတ်ကာ သေဆုံးသူတစ်ဦး၏ နဖူးတွင် “ကျားဘီ လူးစစ်ကြောင်း”ဟု စာရေးသားခဲ့ကြောင်း ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းက ညောင်ကုန်းကျေးရွာကို ပစ် ခတ် ဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းသည် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးပြီး လူမဆန်စွာ ခြေ၊ လက်၊ ဦးခေါင်းတို့ကို ဖြတ်ပြီး သတ်ဖြတ်ခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူတစ်ဦး၏ နဖူးတွင် “ကျားဘီလူး စစ်ကြောင်း” ဟု စာရေးသားကာ ခြံစည်ရိုး၊ ရွာလယ်လမ်းမပေါ်တို့တွင် တင်ထားခဲ့ကြောင်း သိရသည်။

“ရှင်းလင်းရေးဝင်တဲ့ပုံစံမျိုးနဲ့ အပစ်ခံရပြီး မိသွားတာပါ၊ ကံပေါက်ရွာက နှစ် ယောက်နဲ့ ညောင်ကုန်းရွာ က တစ်ယောက်ပါဗျ၊ ပကဖအဖွဲ့ဝင် တစ်ယောက် နဲ့ ရဲဘော်နှစ်ယောက်၊ အားလုံး ၃ ယောက်အသတ်ခံရ တာပါ၊ မနေ့က မနက်ခင်း ပိုင်းက ဝင်ပြီး ဒီနေ့မနက်ခင်းပိုင်းမှာ ပြန်ထွက်သွားတယ်၊ တဲကြီးရွာဘက် စစ်ကြောင်း ရောက် သွားပါပြီ” ဟု ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article