28 C
Yangon

ကနီမြို့နယ်တွင် ချင်းတွင်းမြစ်တွင်း သင်္ဘောပေါ်မှ ဖမ်းဆီးရမိသော စစ်တပ် ထုတ်ကုန် ဒဂုံ ဘီယာဖာ ၈၀၀ ကျော်ကို ဖျက်ဆီး

Must read

ကနီမြို့နယ်တွင် ချင်းတွင်းမြစ်တွင်း သင်္ဘောပေါ်မှ ဖမ်းဆီးရမိသော စစ်တပ် ထုတ်ကုန် ဒဂုံ ဘီယာဖာ ၈၀၀ ကျော်ကို ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင်း သင်္ဘောပေါ်မှ ဖမ်းဆီးရမိသော အကြမ်း ဖက် စစ်တပ်ထုတ်ကုန် ဒဂုံ ဘီယာ ဖာ ၈၀၀ ကျော်ကို ဖျက်ဆီး လိုက်ကြောင်း ကနီမြို့ နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံကို အောင် မျိုးမင်း က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၂ ရက် နေ့ ချင်းတွင်းမြစ်ကြောင်းတွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်တပ်ထုတ်ကုန်ပစ္စည်းများ၊ လူများ လိုက်ပါ စီးနင်းခြင်းရှိ ၊မရှိ လုံခြုံရေးအရ ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ အကြမ်း ဖက် စစ်တပ်ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည် Dragon ဘီယာ ဖာ ၈၀၀ ကျော် ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းမိသော စစ်တပ် ထုန်ကုန်ဘီယာ များကို ဖျက်ဆီးလိုက်ကြောင်း သိရသည်။

“ စက်တင်ဘာ ၂၂ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ဖမ်းမိတာပါ၊ နေရာအတိ အကျတော့ ပြောရခက် တယ်၊ ဖာအသေးလေးတွေ ဖာ ၈၀၀ ကျော် လောက် ရှိတယ်၊ ဒဂုံဘီယာအမျိုးအစားပဲ၊ ဖမ်းလိုက်ပြီးပြီး ချင်းပဲဖျက်ဆီး လိုက်တာပါ၊ အင်တာနက်လိုင်းကမကောင်းလို့ မနေ့က တင်ပြလိုက်ရတာပါ၊ တခြား ပစ္စည်း တွေ ရောမပါဘူးဗျ၊ ဘီယာတစ်မျိုးပဲ၊ လူတွေဘာတွေ ဖမ်းဆီး တာ မျိုးမရှိပါဘူး” ဟု ကနီမြို့နယ် ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုအောင်မျိုးမင်း က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article