34 C
Yangon

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး မြန်မာ အလုပ်သမား ၁၈ ဦး ဖမ်းဆီးခံရ

Must read

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး မြန်မာ အလုပ်သမား ၁၈ ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၉

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး တရားမဝင် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၁၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ ဖော်ပြချက် အရသိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် ဘန်ကောက်မြို့ အနီးရှိ ရန်စစ်-နခွန်နယွတ် အဝေးပြေး လမ်းမကြီး၌ အိမ်စီးကား ၁ စီးကို အမြန်လမ်း ရဲတပ်ဖွဲ့များက စစ်ဆေးရာမှ ဝမ်ကျောက် ဒေသသို့ တရားမဝင် တောလမ်းအတိုင်း နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူ အားလုံးသည် ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားနှင့် ချိတ်ဆက်၍ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွက် ဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ အထိ ပေးရကြောင်း၊ ထိုင်းကားသမားကလည်း မြန်မာအလုပ်သမားများကို ဝမ်ကျောက်ဒေသရှိ ငှက်ပျောတောထဲမှ ဘန်ကောက်မြို့ ဒွန်မောင်းဒေသကို ဘတ် ၁၅၀၀၀ ဖြင့် ပို့ဆောင်ပေးရန် ငှားရမ်းခံခဲ့ရပြီး ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကာ ယခင်က ၂ ကြိမ်အထိ ပို့ဆောင်ဖူးကြောင်း သိရသည်။

အဆိုပါ ထိုင်းကား သမားနှင့် မြန်မာ အလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ထန်ယဘူရီရဲစခန်းကို ပို့ဆောင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article