29 C
Yangon

ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာတွင် စစ်တပ်က ကဏန်းထောင်ပြန်လာသည့် အသက် ၁၉ နှစ်အရွယ် မောင်အောင်ဖြိုးကို အကြောင်းမဲ့ ပစ်သတ်

Must read

ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာတွင် စစ်တပ်က ကဏန်းထောင်ပြန်လာသည့် အသက် ၁၉ နှစ်အရွယ် မောင်အောင်ဖြိုးကို အကြောင်းမဲ့ ပစ်သတ်

ရန်ကုန်၊ စက်တင်ဘာ ၂၉

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာတွင် အကြမ်းဖက်စစ်တပ်က အသက် ၁၉ နှစ်အရွယ် မောင်အောင်ဖြိုးကို အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် မောင်အောင်ဖြိုး သည် ပင်လယ်ကမ်းစပ်တွင် ကဏန်းသွားထောင်၍ အပြန်လမ်းတွင် စစ်တပ် စစ်ကြောင်းနှင့် တိုး၍ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

“ကောင်လေးက ပင်လယ်ကမ်းစပ် ဒီရေတောတွေဘက်ကို ကဏန်းသွားထောင် ပြီး အပြန် လယ်ကွင်းထဲမှာ သူတို့နဲ့ တွေ့ပြီး ပစ်သတ်သွားတာပါ။ အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ တကယ် အနေအေးပြီး မိဘကို လုပ်ကျွေးနေတဲ့ ကလေးပါ ဗျ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန သို့ပြောကြား သည်။

အဆိုပါ အကြမ်းဖက်စစ်တပ်သည် ရှပ်ပုံရွာထဲသို့လည်း ဝင်ရောက်၍ ဘဲ၊ကြက်များကို ဖမ်းဆီးသွားပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မောင်အောင်ဖြိုးကို အကြောင်းမဲ့ ပစ်သတ်ခဲ့သည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဝါးတန်းဘုန်းကြီးကျောင်းသို့ တပ်စွဲရန် သွားရောက်နေပြီး လမ်းတစ်လျှောက်ရှိ နေအိမ်များကို ဝင်မွှေ၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း၊ လက်နက်ကြီးငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်သွား ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article