27 C
Yangon

ကလေးမြို့၊ မြောင်းဆုံရွာကို စစ်တပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိမှန် ပျက်စီး၊ ကျေးရွာ ၃ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကလေးမြို့၊ မြောင်းဆုံရွာကို စစ်တပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိမှန် ပျက်စီး၊ ကျေးရွာ ၃ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြောင်းဆုံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကလေးမြို့၊ မြောင်းဆုံကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

“၈၀ မမ ကျတာ လက်နက်ကြီးက တောင်ဖီလာကရော ၊ မြို့ထဲကရော ၊ မွန်ထာအမှတ် ၇ ထဲက အခုခြေကုတ်ယူနေတဲ့ ၃ ထပ်တိုက်ကနေရော ထုတာ။ ခွေးတွေက ထုရင် ပတ်ရမ်းထုတာလေ အဲဒါကြောင့် ဘယ်က ထုတယ်ဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လက်ရှိချိန်တွင် မွန်ထာရွာ၊ အင်တိုင်းကုန်းရွာနှင့် စက္ကန့်ရွာမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း၊ အကြမ်းဖက် စစ်တပ်က မွန်ထာရွာထဲတွင် စက်တင်ဘာ ၂၆ ရက်နေ့မှ စ၍ ခြေကုတ်ယူထားပြီး ပြည်သူများကို ကျေးရွာအတွင်း ပြန်လာခြင်း မပြုလုပ်ရန် ခြိမ်း​ခြောက်ပြောဆိုထားကြောင်း သိရသည်။

“၂၆ ရက်နေ့က အင်အားအထိုင်လာချပြီး အနားပတ်လည်က ပြည်သူတွေကို ရှောင်ခိုင်းတယ်။ ဘယ်တော့မှ ပြန်မလာဖို့ ခြိမ်းခြောက်ပြောဆိုပြီး မွန်ထာရွာထဲမှာ စစ်ခွေးတွေ တပ်စွဲထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article