30 C
Yangon

ရေးမြို့နယ်တွင် ခမရ ၅၉၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေးမြို့နယ်တွင် ခမရ ၅၉၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃၀

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တောင်ပိုင်း တိုင်း စစ်ဒေသခွဲ ၃ ၊ ဒုစစ်ဒေသမှူးရုံး က ထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီခန့်က ခမရ ၅၉၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦး သည် တပ်ရင်းအပြင်ဘက်သို့ ကားဖြင့် ထွက်လာစဥ် တပ်ရင်းဝန်းနှင့် ကိုက် ၅၀၀ အကွာအ ရောက်၌ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C လက်အောက်ရှိ ရေးဘီလူး အဖွဲ့က အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦး လုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရ သည်။

ထို့သို့ ပစ်ခတ် ရှင်းလင်းပြီးနောက် အကြမ်းဖက် စစ်တပ်၏ တပ်ရင်း စခန်းဝန်းနှင့် အလွန်နီးကပ်နေသောကြောင့် လက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်း နိုင်ခြင်းမရှိဘဲ ရေးဘီလူးတပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမကြီး တလျှောက်၌ နယ်မြေဒေသစိုးမိုး ရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့ဝင် များမှ လုံခြုံရေးရယူစစ်ဆေးခြင်းများ နေ့စဉ်နှင့်အမျှလုပ်ဆောင်လျက်ရှိပြီး လမ်းအသုံးပြု သွားလာနေ သော မော်တော်ယာဉ်မောင်းများ၊ ခရီးသွားများအနေဖြင့် စစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံပေးကြပါ ရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်သည့် လူ၊ ပစ္စည်းများ တင်ဆောင်ခြင်းမပြုလုပ်ရန်၊ တိုင်းရင်း လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း စစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံပေးကြပါရန် ဒုစစ်ဒေသ ခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article