21 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်ကို စောမူတူးစေးဖိုးနှင့်အဖွဲ့ သွားရောက်တွေ့ဆုံမှု လက်ရှိ KNU နှင့် လုံး၀မပတ်သက်ဟု ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး ပြောဆို

Must read

အကြမ်းဖက် မင်းအောင်လှိုင်ကို စောမူတူးစေးဖိုးနှင့်အဖွဲ့ သွားရောက်တွေ့ဆုံမှု လက်ရှိ KNU နှင့် လုံး၀မပတ်သက်ဟု ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး ပြောဆို

■ စစ်ကောင်စီက တော်လှန်ရေး အင်အားချိနဲ့စေရန် သွေးခွဲသည့် မဟာဗျူဟာ ကို သုံးလာ

ရန်ကုန်၊ စက်တင်ဘာ ၃၀

မြန်မာနိုင်ငံတစ်ဝန်းမှ အရပ်သား ပြည်သူများကို သတ်ဖြတ်နေသော အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စောမူတူးစေးဖိုးနှင့်အဖွဲ့ သွားရောက် တွေ့ဆုံမှုသည် လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှ အရပ်သား ပြည်သူများကို သတ်ဖြတ်နေသော အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စောမူတူးစေးဖိုးနှင့်အဖွဲ့ သွားရောက် တွေ့ဆုံမှုသည် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် လုံး၀ မပတ် သက်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်း နေပြည်တော်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စောမူတူးစေးဖိုး နှင့်အတူ စောရော ဂျာခင်၊ ပဒိုရွှေမောင်း တို့က သွားရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အဆိုပါ တွေ့ဆုံပွဲ တွင် အကြမ်းဖက်စစ်ခေါင်းဆောင်က အလွန်ရင်းနှီးသော ပုံစံဖြင့် စောမူတူး စေးဖိုး ကို ဖက်လှဲတကင်း ဓာတ်ပုံ အရိုက်ခံ၍ ဓာတ်ပုံများ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးကမူ ယင်းသို့ သွားရောက် တွေ့ဆုံမှုသည် KNU နှင့်လုံး၀ မပတ်သက်ကြောင်း ပြောဆိုသည်။

“KNU နဲ့ လုံး၀ မပတ်သက်ပါဘူး။ ” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

ပြည်တွင်းတွင် နေထိုင်သော နိုင်ငံရေးသမားတစ်ဦးကမူ အကြမ်းဖက် စစ်ကောင်စီ သည် လက်ရှိတွင် စစ်ရေးအရ မရှုမလှ ရှုံးနိမ့်နေသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုသော်လည်းကောင်း၊ PDF များကိုသော်လည်းကောင်း သွေးခွဲ၍ အင်အားချိနဲ့သွားစေရန် စနစ်တကျ မဟာဗျူဟာဖြင့် လုပ်ဆောင်နေသည်ဟု သုံးသပ်ပြောဆိုသည်။

“စစ်တပ်က သူတို့ မနိုင်တာလည်း သေချာနေပြီ။ ၃ နှစ်လောက်တိုက်လာတာ စစ်တပ်ကို မုန်းသွားတဲ့ ပြည်သူရဲ့ အမုန်းတရားက လျော့မသွားဘဲ အစိုင်အခဲ ပိုကြီးလာတယ်။ ဒီလို အခြေအနေမှာ သူတို့အနေနဲ့က တော်လှန်ရေးကို ထောက်ပို့နေတဲ့ EAOs တွေ၊ PDF တွေအကြားမှာ သွေးကွဲအောင် သွေးခွဲပြီး အင်အား ချိနဲ့အောင် လုပ်မှသာလျှင် သူတို့ အသာရဖို့ လမ်းရှိတော့တယ်။ ဒါကြောင့် အခု KNU ခေါင်းဆောင်ဟောင်းတွေကို ခေါ်တွေ့ပြီး သွေးကွဲအောင် လုပ်နေတာ လို့ မြင်ပါတယ်” ဟု အဆိုပါ ပြည်တွင်းနိုင်ငံရေးသမားက သုံးသပ် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article