ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာသား ပြည်သူ ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ၂ ဦးကို သတ်ဖြတ်
ရန်ကုန်၊ အောက်တိုဘာ ၁
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာသား ပြည်သူ ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟို မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၀ တပ်ရင်းမှ စစ်သားများက ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာသား ၃ ဦးဖြစ်သည် အသက် ၄၁ နှစ်အရွယ် ဦးမင်းမင်း ၊ အသက် ၄၄ နှစ်အရွယ် ဦးကြီး နှင့် အသက် ၃၂ နှစ်အရွယ် ဦးဖြိုးဝေဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးသွားသော ပြည်သူ ၃ ဦးထဲမှ အသက် ၄၁ နှစ်အရွယ် ဦးမင်းမင်း နှင့် အသက် ၄၄ နှစ်အရွယ် ဦးကြီး ၂ ဦးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့ပြီး ဦးဖြိုးဝေဦးသည် အကြမ်းဖက် စစ်တပ်လက်ထဲမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။