မင်းတုန်းမြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး၊ ပခုက္ကူတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁ ရက် ညနေ ၂ နာရီခွဲခန့်က မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာ လှေဆိပ်၌ အကြမ်းဖက် စစ်သား ၄ ဦးနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားကာ အကြမ်းဖက် စစ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျန်အကြမ်းဖက် စစ် သား များကို လက် ပစ်ဗုံးဖြင့် ထပ်မံတိုက်ခိုက်ရန် လုပ်ဆောင်ခဲ့သော်လည်း စက်လှေမောင်းသူမှာ ပြည် သူဖြစ်နေသည့် အပြင် အနီးအနား၌ လည်း ပြည်သူများရှိနေသဖြင့် ဆက်မပစ်နိုင်ပဲ လက်လွှတ်ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တပ်ကြပ်ကြီးတစ်ဦး အပြင်း အထန်ဒဏ်ရာရရှိကာ ပြည်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ ဆေးရုံပို့ဆောင်လိုက်ရသော တပ်ကြပ်ကြီးသည် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုတိုက်ခိုက်မှုကို Mindon People Revolution Force တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှ သာကြီးတောင်ဘက်သို့ ကင်းပုန်းဝပ်ရန် ထွက်လာ သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၂၈ ရက် နေ့က ကမ္မမြို့မှ သာကြီးတောင်ဘက်သို့ ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းပွိုင့် ၁ ပွိုင့် နှင့် ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် ဒရုန်းဖြင့် အီနာဂါဗုံးသီး ၇ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ် ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကမ္မကာကွယ်ရေးအဖွဲ (KMDF) ၊ မြိုင် ပကဖ တပ်ရင်း ၁ – တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ -ဂဠုန် တပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။