25 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံခြင်း (နိဂုံး)

Must read

“ဒီဒီဇင်ဘာထဲမှာ တစ်ခုခုထပ်ပြီးတော့ ကုလသမဂ္ဂက စစ်ကောင်စီကို အရေး ယူ ဆောင်ရွက်နိုင်ဖို့လို့ ကျွန်မတို့ တွန်းအားပေးပြီးတော့ အဓိကထား ဆောင် ရွက် နေပါတယ် “

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံခြင်း (နိဂုံး)

By ရန်ကုန်ခေတ်သစ်

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့က ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေချိန်အတွင်း အမေရိ ကန် ပြည်ထောင်စုသို့ ရောက်ရှိနေပြီး နိုင်ငံတကာမှ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ဆောင်နေပါတယ်။

ဒီလိုတွေ့ဆုံမှုတွေမှာ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြလဲဆိုတာနဲ့ ကုလသမဂ္ဂမှာ မြန်မာပြည်သူလူထု ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုး ထွန်း ထပ်မံကိုယ်စားပြုခွင့် အခြေ အနေတွေဘယ်လိုရှိလဲ။

နိုင်ငံတကာက စစ်အာဏာရှင်တော်လှန်ရေးနဲ့ပတ်သက်လို့ ဘယ်လို မှတ်ချက် တွေ ဘယ်လို ထောက်ပံ့ မှုတွေ အပါ အဝင် နိုင်ငံတကာရဲ့ သဘောထား အမြင် တွေဘယ်လိုရှိ လဲသိရအောင် နိုင်ငံခြားရေး ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံ မေးမြန်းထား ပါတယ်။

အခုနိဂုံးပိုင်းမှာတော့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချတွေကို မလိုက်နာ တဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ပတ်သက်လို့ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ၊နိုင်ငံတကာ တရားရုံး တွေမှာ အကြမ်းဖက် စစ်ကောင်စီကို အရေးယူနိုင်တော့ မလား၊ နိုင်ငံတကာကရော NUG အပေါ်မှာ ဘယ်လို သဘောထားလဲ စတဲ့ အကြောင်း အရာတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

မေး။ ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချ ထားတာရှိတယ်။ ဒါက အခုချိန်မှာ ဒီဆုံးဖြတ်ချက်နဲ့ ပတ် သက်ပြီး စစ်ကောင်စီက မလိုက်နာဘူး မလိုက်နာတဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်တဲ့ ထိရောက်တဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်လာဖို့ အတွက် ဝန်ကြီးတို့ အနေနဲ့ ဘယ်လို မျိုးတွေ တွန်းအားပေးသွားဖို့ ရှိပါသေးလဲ။

ဖြေ။ ။ ဟုတ်ကဲ့ အရှေ့က မေးခွန်းမှာတော့ ကျွန်မ အဲဒါတော့ ဖြေခဲ့တယ် လို့ ထင်ပါတယ်။ The articles 2669 နဲ့ ပတ်သက်ပြီးတော့ အခု ဒီဇင်ဘာထဲမှာ တစ်နှစ်ပြည့်တော့မယ် တစ်နှစ်ပြည့်တဲ့အချိန်အထိ ထိရောက်မှု မရှိဘူးဆိုရင် အမြဲတမ်းအဖွဲ့ဝင်တွေ အနေနဲ့ရော တခြားသော မိတ်ဖက်နိုင်ငံတွေ အနေနဲ့ ရော နောက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် တာဝန်ရှိ သူ တွေအနေနဲ့လည်း အခုအချိန်ထိကို Envoy အသစ်ကို ခန့်အပ်နိုင်တာ မရှိ သေး ဘူး။ လစ်လပ်နေတာ ရှိတယ်။

တကယ်ဆို လာမယ့် လလောက်မှာ ဒီ Envoy က အစီရင်ခံစာ တင်ရမယ့် အနေအထားဖြစ်တဲ့အတွက် ဒီ Envoy လစ်လပ်သွားတဲ့အတွက် ဒီကိစ္စက လည်း မတင်နိုင်သေးဘူးဖြစ်နေတယ်။ ဆိုတော့ ကုလသမဂ္ဂအနေနဲ့ လုပ်နိုင် တာတွေ အများကြီးရှိပါတယ်။ လုပ်နိုင်သမျှ space တွေ ကျန်နေသေးတာကို ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့လို့ ဒီ UN Charter မှာ ပေး ထား တဲ့ ပေးထားချက်တွေ ဘာတွေ ရှိမလဲ ဒီကနေ ရှာဖွေပြီးတော့ ဘာတွေ ဆက်လက်ပြီးတော့ ဆောင်ရွက်နိုင်သေးသလဲ ဆိုတာမျိုးတွေ အခြေခံပြီးတော့ တွန်းအားပေးတိုက်တွန်းပြီးတော့ Advocate လုပ်နေတာ ရှိပါတယ်။ ဒီ ဒီဇင်ဘာထဲမှာ တစ်ခုခုထပ်ပြီးတော့ ကုလသမဂ္ဂ အရေးယူဆောင်ရွက်နိုင်ဖို့လို့ ကျွန်မတို့ တွန်းအားပေးပြီးတော့ အဓိကထားဆောင်ရွက်နေပါတယ်။

မေး။ ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာမှာ တရားစွဲဖို့ ကြိုးစားနေတာ ရှိပါတယ်။ ICC တရားရုံး အာဂျင်တီးနား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာပေါ့။ အဲဒီမှာ နိုင်ငံတကာ တရား ရုံး တွေမှာ တရားစွဲဖို့ အလားအလာအခြေအနေကောင်းနေပြီလား။ NUG အနေနဲ့ ဘယ်လိုမျိုးတွေ လုပ်ဆောင်ဖို့ ရှိပါသလဲ။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတကြီးကလည်း စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာ တရားစီရင်မှုစနစ်နဲ့ အရေးယူမှုလုပ်ရမယ်ဆိုပြီး ပြောထားတာ ရှိတော့ NUG အနေနဲ့ ဒီ အခြေ အနေနဲ့ ပတ်သက်ပြီး ဘယ်လိုများ တရားစွဲဖို့ ကြိုးပမ်းနေတာတွေ ရှိပါသလဲ။

ဖြေ။ ။ အဓိကကတော့ ကျွန်မတို့ နိုင်ငံတကာတရားစီရင်ရေးစနစ်မှာ ရှိတဲ့ Mechanism မှာ ရှိတဲ့ လိုအပ်ချက်မှန်သမျှကို NUG အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ ဟာလည်း ကြေညာထား ပြီးဖြစ်တယ်။

အထူးသဖြင့် ICC မှာ အရေးယူနိုင်ဖို့ ဆိုလို့ရှိရင် ICC မှာ Rome statute အဖွဲ့ ဝင်နိုင်ငံဖြစ်ဖို့လိုတယ်။ ကျွန်မတို့ နိုင်ငံက လက်မှတ်ရေးထိုးထားနိုင်ခြင်း မရှိသေး ဘူး ။ ဒါကြောင့်မို့လို့ အဲဒီ Step တွေ ပြည့်စုံဖို့လို့ ကျွန်မတို့က လက် မှတ် ရေးထိုးလိုကြောင်းကို တရားဝင် အကြောင်းကြားထားပြီးဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်တွေထဲက ကျွန်မတို့ အကြောင်းကြားထားပြီးဖြစ်တယ်။

နောက်တစ်ခုက ICJ case နဲ့ပတ်သက်လို့လည်းပဲ ကျွန်မတို့က ပူးပေါင်းဆောင် ရွက်သွားဖို့လို့ဆိုတာ ကျွန်မတို့က ICJ တရားရုံးကို အကြောင်းကြားပြီးဖြစ်တယ်။ နောက်ပြီးတော့ Reporting တွေကိုလည်းပဲ စစ်ကောင်စီကိုပဲ ဖိတ်နေပေ မယ့် ကျွန်မတို့ ဘက်ကလည်း ရရှိထားတဲ့ အချက်လက်တွေ ဆောင်ရွက်ထား တဲ့ ဆောင်ရွက်ချက်တွေကို ပေးပို့နေတာ ရှိပါတယ်။ အသိအမှတ်ပြုတာ မပြုတာတော့ တစ်ပိုင်းပေါ့။ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်နေတယ်။

ထို့အတူပဲ စစ်တပ်ရဲ့ ကျူးလွန်နေတဲ့ Crime တွေ အချက်အလက်စုဆောင်းတဲ့ IIMM လို အဖွဲ့အစည်းမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိတယ်။ ဒီလို အချက် အလက်ကောက်ယူမှုတွေက တကယ့်တကယ်က အမှုတည်ဆောက် တဲ့နေရာ မှာ အင်မတန်မှ အရေးကြီးပါတယ်။ ပြောရမယ်ဆိုလို့ ရှိရင်တော့ တော်လှန်ရေးပြီးသွားသည့်တိုင်အောင် ဒီတရားရေးစနစ်ကတော့ ပြီးချင်မှ ပြီးဦးမယ် ။

ဒါပေမဲ့ ဒါဟာ တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ရမယ်ဆိုတဲ့ Agenda ကို Address လုပ်ရမယ့် ကိစ္စ ။ ဒါက လုပ်ကို လုပ်ရမှာ ဖြစ်တဲ့အတွက် နောင် တစ်ချိန်မှာ ဘယ်သူပဲ တက်လာ တက်လာ ၊ ဒီလို မတော်မတရား လက်နက် အားကိုးပြီး ကိုယ့်ပြည်သူ ပြည်သားတွေ အပေါ်မှာ လူနည်းစုတွေ အပေါ်မှာ Crime တွေ ရာဇဝတ်မှုတွေ စစ်ရာဇဝတ်မှုတွေ မကျူးလွန်နိုင်အောင် အကောင်းဆုံးအတားအဆီးကတော့ တရားမျှတမှုအနေနဲ့ ဖော်ဆောင်နိုင်ရေးပဲ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ဒီလိုImpunity ရနေသရွေ့က ဒီလိုလုပ်လည်း ရပါတယ်။

ငါတို့လုပ်လည်း အပြစ်ကတော့ လွတ်ကင်းနေမှာပဲ ဆိုတာနဲ့ ဒီ ရာဇဝတ်မှုကျူး လွန် သူ တွေကို အားပေးအားမြှောက်ဖြစ်ဖို့လို့ အခွင့်အရေးပေးသလိုမျိုး ဖြစ်နေတယ်။ ဒီတစ်ကြိမ် ဒီတော်လှန်ရေးမှာ ကျွန်မတို့ ဒါကို တိတိကျကျနဲ့ ဖိအားပေးဖို့လိုတယ်လို့ ကျွန်မတို့ မြင်တယ်။ ဒါကြောင့် ဒီ ဧရိယာကလည်း ကျွန်မတို့အတွက် အင်မတန်မှ အရေးကြီးတဲ့ နယ်ပယ်ဖြစ်လို့ ကျွန်မတို့ အတတ်နိုင်ဆုံးတရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်မယ့် နိုင်ငံတကာ ယန္တရား တွေ အားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့်၊ ကျွန်မတို့ နိုင်ငံခြားရေး ဝန်ကြီးဌာန တင် မဟုတ်ပါဘူး။

သက်ဆိုင်ရာ Relevant Ministry တွေ ရှိပါတယ်။ လူ့အခွင့်အရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အမျိုးသမီးနဲ့ ကလေး သူငယ် အစရှိသဖြင့်ပေါ့နော်။ တရားရေးဝန်ကြီးဌာန အစရှိသဖြင့် ဆက်စပ် ဝန်ကြီး ဌာနတွေ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

မေး။ ။ အာဆီယံနဲ့ ပတ်သက်ပြီးလည်း မေးချင်ပါတယ်။ အာဆီယံဥက္ကဌ အင်ဒိုနီးရှားလက်ထက်မှာ မြန်မာ့အရေးအတွက် အများကြီးမျှော်လင့်ခဲ့ပေမယ့် ဘာမှ အရာမထင်ခဲ့ပါဘူး။ အဲဒါက ဘယ်လိုကြောင့်ပါလဲ။ အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံနဲ့ NUG အစိုးရကြားမှာ ထိတွေ့ဆက်ဆံမှု အခြေအနေရှိပါ သလားရှင်။ ရှိခဲ့ရင်လည်း ဘယ်လောက်အထိ ခရီးရောက်နေသလဲဆိုတာလေး ပြောပြပေးပါ။

ဖြေ။ ။ တကယ့် တကယ်ပြောရမယ်ဆိုလို့ရှိရင် ကျွန်မတို့ တော်လှန်ရေး ကာလ မှာကိုပဲ အာဆီယံ Chair က ၃ နိုင်ငံပြောင်းသွားပြီပေါ့နော်။ ၂၀၂၁ ဖေဖော်ဝါရီလမှာတုန်းက ဘရူနိုင်းပေါ့။ ဘရူနိုင်းနဲ့တုန်းကလည်း ကျွန်မတို့ ထိတွေ့ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဒီလောက်ကြီး Actively မဖြစ်ခဲ့ဘူးပေါ့။ အဲဒီကာလမှာတုန်းက ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်ချက်တစ်ခုချနိုင် တာက အခုအချိန်အထိ အဲဒါ carry လုပ်ရတာပေါ့။ 5 Point Consensus ရယ် နောက်တစ်ခုက Non political representation ပေါ့ နိုင်ငံရေးအရ ကိုယ်စား ပြု ခွင့် မပေးတဲ့ဟာပေါ့ ။

ဒါကတော့ အာဆီယံရဲ့ ထူးခြားချက်လို့ ပြောလို့ရတယ်။ ဘယ်တုန်းကမှ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ရှိရင် အရေးယူဆောင်ရွက်ဖို့ဆိုတာ ၈၈ တုန်း၊ ဒီဘက် ကာလ တွေမှာ ကြည့်ရင် မရှိခဲ့ဘူး။ မရှိတဲ့အပြင်ကို နဝတ ၊ နအဖလက်ထက် မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံပါ ဖြစ်လာခဲ့သေးတဲ့ အနေအထားမျိုးပေါ့။ ဆိုတော့ အခုဟာကကျတော့ အာဆီယံ Charter နဲ့လည်း ဆန့်ကျင်တယ်။ Unconstitutional Coup လို့ ယူဆပုံရတယ်။ ဒါနဲ့ သွားငြိနေတာလည်း ပါတာပေါ့။

အဓိကကတော့ အာဆီယံ Charter နဲ့ ဆန့်ကျင်နေတဲ့အတွက်ကြောင့်မို့လို့ အာဆီယံ Charter ကို ချိုးဖောက်တဲ့အတွက်ကြောင့် ဒီ စစ်ကောင်စီကို တရားဝင်မှု မပေးဘဲနဲ့ ဒီ Coup ကို သူတို့ အခုအချိန်ထိ လုံးဝ အသိအမှတ်မပြု ဘူး ဆိုတာကို တွေ့ရတယ်။ ဒါကတော့ အာဆီယံကို Appreciate လုပ်ရမယ့် ကိစ္စပါ။ သို့သော်လည်း ဒီထက်ပိုကဲတဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု တွေကတော့ မလုပ်နိုင်သေးဘူး။

အကန့်အသတ်တွေနဲ့ ရှိနေတာ ကျွန်မတို့ တွေ့ရတယ်။ နောက်တစ်ခုက တော့ အခု အင်ဒိုနီးရှား Chair ပေါ့ ။ အင်ဒိုနီးရှား Chair ဖြစ်တော့ ကျွန်မကတော့ အရမ်းကြီးတော့ နိုင်ငံတစ်ခုကပဲ ကျွန်မတို့ တိုင်းပြည်ရဲ့ အပြောင်းအလဲကို တာဝန် ရှိတယ်။ သူလုပ်နိုင်လိမ့်မယ်လို့ အလွန်အကျူးတော့ ကျွန်မတို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ထိုက်သင့်တဲ့ တိုးတက်မှုရှိဖို့တော့ မျှော်လင့်ခဲ့မိတယ်။ ဒီ တိုးတက်မှုက ဘာလဲဆိုတော့ သူက ပိုပြီး engagement လုပ်တယ်။ engagement လုပ်တယ်။ stakeholders တွေ အားလုံးနဲ့ လုပ်တယ်။

ဥပမာ Chairman တစ်ယောက်ရဲ့ သူ လုပ်ရမယ့် အလုပ်ကို ပြည့်ပြည့်ဝဝ ဆောင် ရွက်တယ်လို့ ကျွန်မတို့ ပြောလို့ရတယ်။ အဲဒီဆောင်ရွက်ချက်ရဲ့ အသီး အပွင့်ပေါ့ ။ ဘယ်လောက် အောင်မြင်လဲ မအောင်မြင်ဘူးလဲ ဆိုတာကတော့ အခုအချိန်ထိ မေးခွန်းထုတ်စရာဖြစ်နေတုန်းပဲ ဆိုတာကို မြင်ရတယ်။

သူကိုယ်တိုင်လည်း ရုန်းကန်နေရတုန်းပဲ။ ဒီ အင်ဒိုနီးရှားကိုယ်တိုင်လည်း ရုန်း ကန် နေရတုန်းပဲ ။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံအတွင်းမှာကိုပဲ မြန်မာ့ အရေးကို ချဉ်းကပ်တဲ့အခါမှာ ပုံစံမျိုးစုံနဲ့ ချဉ်းကပ်ခဲ့ကြတာတွေ ရှိတော့ အသံ တူ အောင်လို့ ညှိနေရ၊ လိုက်လုပ်နေရတဲ့ဟာတွေ ရှိတယ်။

ပြောရရင်တော့ အင်ဒိုနီးရှား က ဖက်ဒရယ်နဲ့ အင်အားစုတွေရဲ့ အသံကိုတော့ ကျယ်ကျယ်ပြန့်ပြန့်ထိတွေ့နားထောင်တဲ့ အလုပ်ကိုတော့ သူလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီရဲ့ အသီးအပွင့်တွေ ဖြစ်တဲ့ တကယ်လိုလားတဲ့ အပြောင်းအလဲ ကိုတော့ အခုအချိန်အထိ မလုပ်နိုင်သေးဘူး။ ကျွန်မတို့ ဆက်ပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ လုပ်သွားရဦးမယ့် အနေအထားတော့ ရှိပါသေးတယ်။

မေး။ ။ ဒီ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း အစိုးရသစ် ပေါ် လာတာဆိုတော့ ဒီ ထိုင်းအစိုးရသစ်နဲ့ရော NUG အနေနဲ့ ထိတွေ့ ဆက် ဆံမှု တွေ ရှိပါသေးလား။

ဖြေ။ ။ တစ်ဖက်သတ်ပြောရရင်တော့ ကျွန်မတို့ကတော့ engagement လုပ်ပါတယ်။ ကျွန်မတို့က အမြဲတမ်းအစိုးရသစ်ပြောင်းတိုင်း ကျွန်မတို့ မြန်မာနိုင်ငံ အတွက် ထိုင်းရဲ့ Special envoy ခန့်အပ်တုန်းကလည်း ကျွန်မတို့ ဒီ Special Envoy ဆီကို engage လုပ်တယ်။ ကျွန်မတို့ call တွေ တောင်း တယ်။ appreciate လုပ်တယ်ပေါ့။

နောက်ပြီးတော့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ကျွန်မတို့ နိုင်ငံသားတွေ ကြုံနေ ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ အကူအညီတောင်းစရာရှိရင်လည်း ကျွန်မတို့ စာရေးသား အကူအညီတောင်းတာတွေ လုပ်တယ်။ အဲဒီ ကိစ္စတွေ ဆွေးနွေးလိုတဲ့ အကြောင်းလည်း အစည်းအဝေးတောင်းပါတယ်။ ဒါမျိုးတွေ လုပ်တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။

ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှု မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ တချို့ဟာ တွေမှာ တော့ မဆွေးနွေးဘဲနဲ့ ဘာပဲပြောပြော ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေကို လက်ခံပေးထားတဲ့ အတွက်တော့ ကျွန်မတို့က ကျေးဇူးတင်ပါတယ်။ ထိုင်းနိုင်ငံ ရော ထိုင်းအစိုးရရော ထိုင်းပြည်သူလူထုတွေရော ကျေးဇူးအများကြီး တင်ပါ တယ်။

ဒါပေမဲ့ ဒီထက်ပိုပြီးတော့ အိမ်နီးနားချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးတော့ လိုအပ်နေပါသေးတယ်။ အခု ထိုင်းအစိုးရသစ် နဲ့တော့ ကျွန်မတို့အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်လိုတယ်။ ချဉ်းကပ် ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်အထိ တစ်စုံတစ်ရာ အကြောင်း ပြန် လာတာမျိုး မရှိသေးပါဘူး။

မေး။ ။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကလည်း အရေးကြီးပါတယ်။ ဒီနိုင်ငံ တွေ အနေနဲ့ရော NUG ဘက်က ထိတွေ့ဆက်ဆံဖို့ ဘယ်လိုကြိုးစား ဆောင် ရွက်နေတာ ရှိပါသလဲ။

ဖြေ။ ။ အဲဒါလည်း ကျွန်မတို့ ခဏခဏတော့ ပြောဖြစ်တယ်ပေါ့နော်။ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးဟာ ကျွန်မတို့ ရဲ့ နိုင်ငံခြားရေး မူဝါဒထဲ မှာ ချဉ်းကပ်မှုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ခုန အာဆီယံရှိတယ်။ အာဆီယံထဲမှာမှ ခုနပြောတဲ့ အိမ်နီးနားချင်းနိုင်ငံတွေပေါ့။ အထူးသဖြင့် အင်အား ကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့ဟာ ဘယ်လိုမှ လစ်လျူရှု လို့မရဘူး။

အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ပြေလည်ဖို့၊ အိမ်နီးနား ချင်းနိုင်ငံတွေက ကျွန်မတို့ တိုင်းပြည်ရဲ့ ပကတိအခြေအနေကို နားလည်ဖို့က အင်မတန်အရေးကြီးပါတယ်။

သူတို့က ပကတိအခြေအနေကို နားမလည်ဘူးဆိုရင် ချဉ်းကပ်ပုံတွေ မူဝါဒ ချမှတ်တာတွေ မှားယွင်းလို့ရှိရင် ကျွန်မတို့အတွက်လည်း မကောင်းဘူး။ အိမ်နီးနား ချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက်လည်း အကျိုးရှိမှာ မဟုတ် ပါဘူး။

ဒါကြောင့်မို့လို့ ဒီလိုမျိုး မှန်မှန်ကန်ကန်ရှုမြင်နိုင်ဖို့အတွက်တော့ ကျွန်မ တို့ အိန္ဒိယဘက်ကိုရော တရုတ်ဘက်ကို‌ရော ကျွန်မတို့က စဉ်ဆက် မပြတ် ထိတွေ့ဆောင်ရွက်နေတာ ရှိပါတယ်။ ခုနထိုင်းနိုင်ငံလိုပါပဲ ။

မေး။ ။ တော်လှန်ရေးကာလဖြစ်လာတဲ့အခါမှာ စစ်ဘေးဒုက္ခသည်တွေရဲ့ အရေအတွက်ကလည်း နေ့စဉ်ဆိုသလို တိုးလာတာဆိုတော့ ဝန်ကြီးတို့အနေနဲ့ နိုင်ငံတကာနဲ့တွေ့တဲ့အချိန်မှာ အကူအညီပေးရေးအပိုင်းတွေ ဆွေးနွေးတာတွေ ရှိလား။ နိုင်ငံတကာဘက်ကရော ဘယ်လိုမျိုး အကူအညီပေးမှုအပိုင်းတွေ လုပ်ဆောင်မယ်ဆိုတာမျိုး အကြောင်းပြန်တာ ရှိပါသလား။

ဖြေ။ ။ အဲဒါလည်း ကျွန်မတို့ရဲ့ အဓိက ဦးစားပေးနယ်ပယ်ထဲမှာ ပါပါ တယ်။ Humanitarian Assistant ဆိုတာ ။ အဲဒီတော့ပြီးခဲ့တဲ့ ရက်ပိုင်းကကိုပဲ ကျွန်မတို့ inclusive humanitarian Forum လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ နဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနရယ်။ နောက် NUCC က တာဝန်ရှိတဲ့ သူတွေနဲ့ မြေပြင်က ဆောင်ရွက်နေတဲ့ သူတွေနဲ့ Forum တစ်ခုလုပ်ခဲ့တာ ရှိပါတယ်။

ဒါကိုက ကျွန်မတို့ ဘယ်လောက်အလေးထားတယ်၊ပြည်သူလူထု ခံစားနေရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက် တွေကို ကျွန်မတို့ နိုင်ငံတကာက aware ဖြစ်လာအောင် ဘယ်လောက်လိုအပ်နေလဲ။

ဒီလို လိုအပ်ချက်တွေက ဘာကြောင့်ဖြစ်လာလဲ။ သေချာတယ် ဒီလိုလိုအပ်ချက် တွေက စစ်ကောင်စီက အကြမ်းဖက်ပြီးတော့ အာဏာသိမ်းမှုရဲ့ နောက်ဆက် တွဲဆိုးကျိုးတွေ ဖြစ်တယ်။ အဲဒီအာဏာသိမ်းမှု အပြင်ကို ခုနပြောသလို လေ ကြောင်း တိုက်ခိုက်မှုတွေ ရွာတွေ မီးရှို့မှုတွေ ၊ အရပ်သားတွေကို အကြောက် တရား နဲ့ သူ့အာဏာကို တည်မြဲမှုကြိုးစားမှုရဲ့ ရလဒ်တွေ ဖြစ်တယ်။

ဒီရလဒ်တွေမှာ Root cause ဖြစ်တဲ့ နိုင်ငံရေးပြဿနာကိုလည်း ဖြေရှင်းဖို့ ကြိုးစားသလို ဒီရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဖြစ်ပေါ်လာတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုတာလည်း ဒါဟာ အရေးပေါ်လိုအပ်ချက် ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ဒီကိစ္စတွေကို ပိုမိုပြီးတော့ ထိထိရောက်ရောက်ကူညီပေးနိုင်ဖို့ ကုလသမဂ္ဂ အေဂျင်စီတွေ အပါအဝင် individual donor နိုင်ငံတွေနဲ့လည်း ဒါကို ဆွေးနွေးပါတယ်။

ဆွေးနွေးတဲ့အခါမှာလည်း ထိရောက်တဲ့ အကူအညီတွေ ဖြစ်ဖို့ လိုတယ်။ လမ်းမှာတင်ပျောက်မသွားဖို့၊ နောက်တစ်ခုက စစ်ကောင်စီကနေ သွားမယ်ဆိုလို့ရှိရင် စစ်ကောင်စီက ဒီလူတွေ ဒုက္ခမရောက်ရောက်အောင် လုပ်ထားတဲ့ လူဖြစ်တယ်။ အဲဒီတော့ သူ့ဆီက အကူအညီပေးမယ်ဆိုတဲ့ဟာက ဘယ်လိုမှ ကျိုးကြောင်းဆီလျော်မှု မရှိနိုင်ဘူး။

လူတွေ ဒုက္ခရောက်လေလေ သူက ကြိုက်လေပဲပေါ့။ဆိုတော့ အဲဒီလို အစုအဖွဲ့မျိုးနဲ့ အလုပ်လုပ်တာဟာ ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ တကယ့် တကယ်ကကျတော့ မြေပြင်မှာ Humanitarian ဆောင်ရွက်နေကြတဲ့ ကျွန်မ တို့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ရာ ဒေသတွေမှာဆိုရင် ဟိုးအရင့်အရင်ကာလတွေမှာ ရှိထားပြီးသား ဖြစ်တယ်။

ဒါတွေကို ပိုပြီးကောင်းအောင် လုပ်ပြီးတော့ Alternative နည်းနဲ့ ဒီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို တကယ်လိုအပ်တဲ့လူတွေရဲ့ လက်ထဲကိုရောက်အောင် ပေးနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေဖို့၊ဝင်ငွေတွေ တိုးမြှင့်ပေးဖို့ ဆိုတာကိုတော့ ကျွန်မတို့ အားသွန်ခွန်စိုက်နဲ့ ပြောဆိုဆွေးနွေး ဆောင်ရွက်နေတာ ရှိပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ကမ္ဘာကြီးတစ်ခုလုံးကိုယ်တိုင်ကိုက စိန်ခေါ်မှုတွေ ရှိတယ်။ ဒုက္ခသည်တွေ ပိုများလာတယ်။ ယူကရိန်းလိုကိစ္စမျိုးတွေမှာလည်း ဒုက္ခသည်တွေ ပိုများလာတော့ Donor နိုင်ငံတွေကလည်း ဒီအပေါ်မှာ ငွေကြေးအရ ကူညီထောက်ပံ့ရာတာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး တွေ ဖြစ်လာတော့ အဲဒါကတော့ ကျွန်မတို့ တော်တော်ကြီး အားစိုက်ပြီးတော့ ကိုယ့်တိုင်းပြည်က နိုင်ငံသူ နိုင်ငံသားတွေ ခံစားနေရတဲ့ လူသားချင်း စာနာ ထောက်ထားမှု အခက်အခဲ လိုအပ်ချက်တွေကို အများဆုံးရအောင်လို့ ပြည့်မီချင်မှ ပြည့်မီမယ်၊ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်ရနိုင်သလောက် ရအောင်တော့ ကျွန်မတို့ ကြိုးစားဆောင်ရွက်နေတာ ရှိပါတယ်။

မေး။ ။ ခုန ဝန်ကြီးပြောသွားတဲ့အထဲမှာလည်း ပါတော့ ဒီလေကြောင်း တိုက်ခိုက်မှုတွေက အရမ်းကို များလာပါတယ်ရှင်။ ဟိုးအရင်ကထက်စာရင် လည်း တိုက်ပွဲ မရှိတဲ့ နေရာတွေမှာပါ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာတော့ No fly Zone ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်းဆိုချက်မျိုးကို နိုင်ငံတကာကို တောင်းဆိုဖို့နဲ့ တကယ့်လက်တွေ့မှာရော ဒါဖြစ်လာနိုင်ခြေ ရှိပါသလားရှင့်။

ဖြေ။ ။ No Fly Zone က တော်လှန်ရေး ပထမနှစ်ကတည်းက တောင်းဆိုခဲ့ တယ်။ No Fly Zone တောင်းဆိုတဲ့ ကိစ္စဆိုတာ လုံခြုံရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက်တွေ အစရှိသဖြင့်ပေါ့။ ဒီ UN ရဲ့ Mechanism တွေထဲမှာ သွားရမယ့် Process တွေ အများကြီးရှိပါတယ်။ ဒါကြောင့်မိုလို့ ကျွန်မတို့က No Fly Zone ကို တောင်းမယ်ဆိုလို့ရှိရင် နိုင်ငံရေးအရ လိုအပ် ချက်တွေ၊ နိုင်ငံကြီးတွေ ကြားက သဘောတူညီချက်တွေ အများကြီး လိုအပ်တာ မျိုးတွေ ရှိနိုင်တယ်။ ကြာနိုင်တယ်။ ဒါက လုပ်နိုင်လို့ ရှိရင်တော့ ကောင်းတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်းပဲ No Fly Zone လို့ ပြောမယ်ဆိုလို့ရှိရင် ဒီ Endowment က အရေးကြီးတာပေါ့။ Endowment က ဘယ်လောက်လုပ် နိုင်မလဲပေါ့။ အဲဒီအပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆွေးနွေး ကြတာရှိ တော့ ဒါဟာ အင်မတန်မှ အချိန်ကြာမယ့် ကိစ္စဖြစ်တယ်။

ကျွန်မတို့ကတော့ immediate ဒီကိစ္စကို ကျွန်မတို့ မပြောတော့တာတော့ မဟုတ်ဘူး။ လုပ်ပေးနိုင်ရင်ကောင်းတယ်။ တကယ်လို့ အဲဒါ မလုပ်ပေးနိုင်ဘူး ဆိုလို့ရှိရင် ခုနပြောတဲ့ Jet Fuel လိုဟာမျိုးတွေ စီးပွားရေးပိတ်ဆို့တဲ့ဟာမျိုး တွေ ဒီလိုကိစ္စမျိုးတွေ လုပ်နိုင်ရင်‌တော့ ခုနပြောတဲ့ တိုက်ခိုက်မှုအကြိမ်ရေ ပျံသန်းမှု အကြိမ်ရေ လျော့ကျနိုင်ပြီဆိုရင်တော့ လုံးလုံးကြီးလေကြောင်း တိုက်ခိုက် မှု မလုပ်နိုင်တာ မဟုတ်ဘဲနဲ့ လူတွေ သက်သာမယ်ပေါ့။

ကျွန်မတို့ ဖြစ်နိုင်သမျှ နည်းပေါ့ ကျွန်မတို့ ပြည်သူလူထု အသက်သာဆုံး ဖြစ်မယ့်၊ အထိခိုက် အနည်းဆုံးဖြစ်မယ့်၊ နည်းနာတွေကိုတော့ ရှာဖွေပြီးတော့ တိုက်တွန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ No Fly Zone က ဖြစ်နိုင်ခြေက နည်းနည်းလေး ခက်ခဲပါတယ်။ ခက်ခဲလို့ မလုပ်ဘူးတော့ မဟုတ်ဘူး။ ကျွန်မတို့ ပြောခဲ့ ဆိုခဲ့ ဆွေးနွေးခဲ့တာတွေ ရှိတယ်။

ဒါပေမဲ့ တစ်ခါခါ High Level မီတင်တွေ တွေ့ရတဲ့ အခါမှာ အချိန်တိုအတွင်းမှာ ထိထိ ရောက်ရောက် ကိုယ်လိုချင်တာကိုပဲ ပြောရတာ ဖြစ်တဲ့အတွက် ရနိုင်တဲ့ဟာကို ပို Focus လုပ်ပြီးတော့ ချဉ်းကပ်ဆွေးနွေးတာ လုပ်ပါတယ်။

ဒီဟာကြီး ထပ်ခါ ထပ်ခါပြော သူတို့ကလည်း မလုပ်နိုင် ကိုယ်ကလည်းပြော အဲဒီမှာတင် အချိန်တွေ ကုန်တာမျိုး မဖြစ်ရအောင် ကျွန်မတို့ ပြန်ပြီးတော့ ချဉ်းကပ်ပုံ Advocacy မှာလည်း ပြန်ပြီးတော့ Review လုပ်ရတာလည်း ရှိပါတယ်။

မေး။ ။ နောက်ဆုံးမေးခွန်းပါ၊ ဒီ တော်လှန်ရေးက ၂ နှစ်ကျော်ကြာလာတဲ့ အခါမှာ ပြည်သူတွေမှာလည်း ဒုက္ခတွေ ဆင်းရဲတွေ ကြားကနေပြီးတော့ အများကြီးရင်ဆိုင်လာရတယ်။ ဒီကြားထဲမှာက သူတို့က တော်လှန်ရေးကို စိတ်ရော ကိုယ်ရော ဆုံးရှုံးနစ်နာမှုကြီးကြီးနဲ့ လုပ်နေတာဆို‌တော့ ဝန်ကြီးတို့ NUG အစိုးရအနေနဲ့ ဝန်ကြီးဌာနအနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေ လုပ်သွား ဖို့ ရှိပါသလဲ။ ပြည်သူတွေကိုရော ဘယ်လိုမျိုး ရှေ့ဆက်ခွန်အားရှိစေမယ့် စကားတွေနဲ့ ပြောပြပေးဖို့ရှိပါသလဲရှင့်။

ဖြေ။ ။ ကျွန်မကတော့ အမြဲတမ်းနိုင်ငံတကာမှာ ရောက်တိုင်းပေါ့နော်။ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့တိုင်းပြောတာကတော့ ကျွန်မတို့ ပြည်သူလူထု အတွက် အင်မတန်ဂုဏ်ယူတဲ့ အကြောင်းပဲ။ ဒါကိုလည်း နိုင်ငံတကာက သိပါတယ်။ လူထုဟာ ဘယ်လောက် Resilient ဖြစ်တယ်။

ဘယ်လောက်ကြံ့ကြံ့ခံနိုင်တယ်ဆိုတဲ့ဟာကိုပေါ့။ ဒီလောက်ရွာတွေ မီးရှို့ခံရတဲ့ ဟာကိုတောင်မှ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဆိုတဲ့ တကယ့်ကို အဆုံးထိ ဆွေမျိုးသားချင်းမိသားစု အကုန်နီးပါး ဗုံးကျဲတိုက်ခိုက်ခံရပြီး တစ်ယောက် တည်းကျန်ခဲ့ဦး ၊ ဒီကျန်ခဲ့တဲ့ တစ်ယောက်က အကြောက်တရားကြောင့်မိုလို့ နောက်ဆုတ်သွားမှာ မဟုတ်ဘဲနဲ့ သူတို့ ဆက်လက်ပြီးတော့ ဒီ စစ်အာဏာ သိမ်းမှုနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေမယ်ဆိုတဲ့ ဒါ သာမန်ပြည်သူနော် နိုင်ငံရေးသမားတွေ မဟုတ်ဘူး။

သာမန်ပြည်သူလူထုရဲ့ Resilient က အင်မတန်မှ အရေးကြီးတယ်။ ဒီလိုမျိုး သာမန်ပြည်သူတွေရဲ့ ရပ်တည်ချက် ခိုင်မာလို့သာလျှင် အခုချိန်ထိ စစ်ကောင်စီ က အုပ်ချုပ်လို့ မရသေးတာ ဖြစ်တယ်။ ဒါကြောင့်မိုလို့ ကျွန်မတို့ ပြည်သူလူထု အတွက် ကျွန်မ အရမ်းဂုဏ်ယူတယ်လို့ ကျွန်မပြောချင်တယ်။ ဒီ ပေးဆပ်မှုတွေ က အလဟဿမဖြစ်အောင်လို့မို့ ဒီတော်လှန်ရေး အောင်မှ ဖြစ်မယ်။ အဲဒီတော့ ဒီတော်လှန်ရေး အောင်မြင်အောင်လို့ ကျွန်မတို့ ပြည်သူလူထုက တစ်သား တည်း အင်မတန်ကြံ့ကြံ့ခိုင်ပြီးတော့ လေးစားထိုက်တဲ့ ပြည်သူလူထုနဲ့ တစ်သား တည်း တစ်သံတည်းဖြစ်အောင်လို့ နိုင်ငံတကာမှာ ပြည်သူလူထုရဲ့ အသံကို ကိုယ်စားပြုပြီးတော့ ကျွန်မတို့ အတတ်နိုင်ဆုံးချဉ်းကပ် ဆောင်ရွက် နေတယ်။

တစ်ဖက်ကလည်း ဟန်ချက်ညီညီ မြေပြင်မှ ရှိနေတဲ့ ပြည်သူလူထု ၊ ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတကာနိုင်ငံရေးအခြေအနေတွေနဲ့ ဟန်ချက် ညီအောင် ဆောင်ရွက်ခြင်းအားဖြင့်တော့ ဒီတော်လှန်ရေးကို အမြန်ဆုံး အောင်မြေနင်း နိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်လို့ ပြည်သူလူထုကို သတင်းစကားပေးချင်ပါတယ်။

တကယ့်ပြည်သူလူထုရဲ့ Resilient ဖြစ်မှုကြောင့် ကျွန်မတို့ အင်မတန် ဂုဏ်ယူ ရပါ တယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article