33 C
Yangon

စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ရှာပေးနေသည့် PTTEP က မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းနှစ်ခုအတွက် စာချုပ် သက်တမ်း တိုးရန်ရှိနေ

Must read

စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ရှာပေးနေသည့် PTTEP က မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းနှစ်ခုအတွက် စာချုပ် သက်တမ်း တိုးရန်ရှိနေ

ရန်ကုန်၊ အောက်တိုဘာ ၃

ထိုင်း ရေနံ နဲ့ သဘာဝဓာတ်ငွေတူးဖော်ရေး ကုမ္ပဏီ PTTEP က မြန်မာနိုင်ငံ မှာ ရှိတဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း နှစ်ခုအတွက် စာချုပ် သက်တမ်း တိုးမြှင့်ဖို့ ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထား ပါတယ်။

၂၀၂၈ ခုနှစ် မှာ စာချုပ်ကုန်ဆုံးမယ့် ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း တစ်ခုနဲ့ နောင်လာမယ့် နှစ်ပေါင်း ၂၀ မှာ စာချုပ်ကုန်ဆုံးမယ့် စီမံ ကိန်း တစ်ခု အတွက် စာချုပ်သက်တမ်း တိုးမြင့်နိုင်တယ်လို့ PTTEPရဲ့ အမှု ဆောင် အရာရှိချုပ် မွန်ထရီ ရဝမ်ချိုင်းကူ(Montri Rawanchaikul) ကပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရိုက်တာကို ပြောကြားခဲ့တာဖြစ်ပါတယ်။

PTTEP နဲ့ မြန်မာ စစ်တပ် အကြားစာချုပ်ချုပ်ဆိုထားတဲ့ ကမ်းလွန် သဘာဝ ဓာတ်ငွေ့တူးဖော်ရေး စီမံကိန်း လေးခု ထိ ရှိနေပြီး အဲ့ဒီထဲက နှစ်ခုကို သက်တိုး ဖို့ အလိုရှိနေတာဖြစ်နေတာဖြစ်ပါတယ်။

PTTEP ဟာ မြန်မာနိုင်ငံ မုတ္တမ ပင်လယ်ကွေ့က ရတနာ ၊ ရဲတံခွန် ၊ ဇောတိ က ၊ Myanmar M3 သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း လုပ်ကွက်တွေ ကို နှစ်ရှည်တင်ဒါအောင်မြင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီထဲက ဘယ်စီမံကိန်း တွေ ကို သက်တမ်းတိုးမြင့် မယ်ဆိုတာကိုတော့ PTTEPရဲ့ အမှုဆောင်အရာရှိ ချုပ် က အတည်ပြု ပြောဆိုထားတာ မတွေ့ရသေးပါဘူး။

PTTEP က ထိုင်းနိုင်ငံတွင်းမှာလည်း လေလံလုပ်ကွက် ၃ ကွက်ထဲက ၂ ကွက် တင်ဒါ အောင်မြင်ခဲ့ ထားတယ်လို့ သိရပြီး ယခင် အမေရိကန်ရေနံကုမ္ပဏီကြီး Chevron က အနှစ် ၄၀ နီးပါးတူးဖော်ခဲ့တဲ့ ထိုင်းနာမည်ကြီး သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက် အီရဝမ်ဓာတ်ငွေ့ စီမံကိန်းနေရာလည်းပါဝင်ပါတယ်။

အီရဝမ်ဓာတ်ငွေ့ စီမံကိန်း ဟာ Chevron ကတူးဖော်နေချိန် ၂၀၁၉ ခုနှစ် တုန်းက တနေ့ကို ကုဗပေသန်းပေါင်း ၁,၂၀၀ ထွက်ခဲ့တဲ့ ဒီ လုပ်ကွက်ဟာ ခု အခါမှာ သန်းပေါင်း ၂၇၀ ပဲ ထွက်တော့ တာကြောင့် PTTEP ဟာ တခြား သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်တွေကို ပိုမိုရှာဖွေဖို့ လုပ်ဆောင်နေ တာဖြစ်ပါတယ်။

PTTEPရဲ့ အမှုဆောင်အရာရှိချုပ် မွန်ထရီ ရဝမ်ချိုင်းကူ ကတော့ “ကျနော်တို့က ချဲ့ဖို့ မဟုတ်ပါဘူး။ ထိုင်းနဲ့မြန်မာလိုအပ်ချက်အတွက် စိတ်ချရဖို့အတွက်သာ ဖြစ်ပါတယ်” လို့ ရိုက်တာ သတင်းဌာနနဲ့ အဘူဒါဘီမှာလုပ်နေတဲ့ စွမ်းအင် လုပ်ငန်း ညီလာခံ ADIPEC မှာတွေ့ဆုံချိန်ဖြေကြားသွားခဲ့ပါတယ်။

PTTEP အနေနဲ့ လက်ရှိအချိန် မှာစာချုပ်သက်တမ်းတိုးမြှင့် မယ်ဆိုရင် မြန်မာ နိုင်ငံရဲ့ အာဏာသိမ်းစစ်ကောင်စီအစိုးရ နဲ့ လက်မှတ်ရေးထိုးရ မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ တော်လှန်ရေး အဖွဲ့ အစည်း တွေ ကတော့ စစ်ကောင်စီကိုငွေကြေးအထောက်အပံ့ပေးနိုင်တဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေတူးဖော်ရေး စီမံကိန်းတွေကို ကန့်ကွက်နေကြပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ ဆိုးဝါးလာနေတဲ့အတွက် မြန်မာနိုင်ငံထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ၂၀၂၂ ခုနှစ် ဇန်နဝါရီ လမှာကြေညာခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂ က ဒဏ်ခတ်ပိတ်ဆို့ ထားပြီး အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း အရေး ယူ ပိတ်ဆို့ပေးဖို့ အစဉ်တစိုက်တောင်းဆိုနေကြတာပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article