26.5 C
Yangon

နွားထိုးကြီးတွင် ရဲကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦးသေဆုံး၊ ပခုက္ကူတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

နွားထိုးကြီးတွင် ရဲကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦးသေဆုံး၊ ပခုက္ကူတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၃

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-မြင်းခြံလမ်းပေါ်တွင် ရဲကားတစ်စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၃ ရက် နေ့လည် ၁၀ နာရီ မိနစ် ၄၀ ခန့်က မြင်းခြံမြို့ဘက်မှ နွားထိုးကြီးမြို့ ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများလိုက်ပါလာသည့် 4 Wheel ကား နှစ်စီးကို နွားထိုးကြီးမြို့နယ်၊ ကံရွာနှင့် ကံနှောင်းကျေးရွာကြားအရောက် ၆ လုံးတွဲ ပဒေသာမိုင်း ၁ ပွိုင့် ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“ကားနှစ်စီးအပြည့် စစ်ခွေးရော၊ ရဲခွေးရောပါလာတာ၊ အဲဒီကားပေါ်မှာပဲ သေသွားတဲ့ ဒုရဲအုပ်ရော၊ အခြားရဲဘော်တွေရော ဒဏ်ရာရလျက်ကြီးနဲ့ သယ်သွားတာ၊ ဒုရဲအုပ်က ရဲစခန်းရောက်မှသေတာလို့ တပ်တွင်းဖရဲသီးက အတည်ပြုတယ်၊ ဒဏ်ရာရတဲ့အရေအတွက်ကတော့ စုံစမ်းနေတုန်းပဲ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နှင့် MDY-PDF ခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ- ရေစကြိုလမ်းပိုင်းတွင် ကင်းပုန်းလာဝပ်သော အကြမ်း ဖက်စစ် သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Shwe Nyar Myae PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် ကင်းပုန်းဝပ်ရန်ထွက်လာ သည့် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ပြီး အတိအကျသိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သားများမှ ကားလမ်းဘေးရှိနေအိမ် တစ်လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwe Nyar Myae PDF နှင့် Young Force – UG (ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လိုက်လံပစ်ခတ်ခဲ့သော်လည်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article