25 C
Yangon

မုံရွာကို ဆန်တက်လာသည့် စစ်တပ်၏ ရေယာဥ်အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် လိုက်လံ တိုက်ခိုက်

Must read

မုံရွာကို ဆန်တက်လာသည့် စစ်တပ်၏ ရေယာဥ်အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် လိုက်လံ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကို ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ရေယာဥ်အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုလာလ ၂ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပေါင်းဝ မှ မုံရွာဘက်ကို ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ ဖလက် ၃ စီး ၊ မော်တော်ဘုတ် ၁ စီးပါ ရေယာဥ်အုပ်စုကို Peace Takers Task Force – PTTF အဖွဲ့နှင့် The Brightness Monywa အဖွဲ့တို့ ပူးပေါင်းကာ ချင်းတွင်းမြစ်ကမ်း တစ်နေရာမှ ရှေ့ထွက်ပြောင်း ၄ ပြောင်း တစ်ပွိုင့် ၊ ၃ ပြောင်း ၂ ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း နောက်ဆုံး ဖလက် ၁ စီးကို ထိမိအောင် တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူစစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် အကြမ်းဖက်စစ် တပ် သင်္ဘော ၃ စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ဆာလင်းကြီးမြို့နယ်၊ ပေါင်းဝ ဆိပ် ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာဘက်သို့ ဆန်တက်လာသော အကြမ်းဖက်စစ်တပ် သင်္ဘော ၃ စီးကို ဆားလင်းကြီးမြို့နယ်နှင့် မုံရွာမြို့နယ်အကြားအရောက် ရှေ့ထွက်မိုင်း ၅ လုံး အပါအဝင်လက် နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုသိရှိနိုင် ရန် စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေး ဘယ်လောက်ပါလဲဆိုတာတေ့ မသိရဘူးဗျ၊ ဆားလင်းကြီးမြို့နယ်ထဲက ပေါင်းဝဆိပ်ကမ်းက နေ အထက်ကို တက်လာတဲ့အချိန်တိုက်ခိုက်ခဲ့တာ၊ ဘာသွားလုပ်လဲဆိုတာ မစုံစမ်းရသေးဘူး၊ ခွေးသေ ထိခိုက်မှုလည်း စုံစမ်းနေပါတယ်ဗျ” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa ၏ တပ်ခွဲ ၁ ၊ မုံရွာခရိုင် တပ်ရင်း ၁၁ တပ်ခွဲ ၃ – Royal Alliance- တော်ဝင်မဟာမိတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၅ – A.S.F၊ Deathless Generation Monywa လက်နက်ကြီးတပ်ဖွဲ့နှင့် One Way Revolution Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo – ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၁ စီးအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article