စစ်အုပ်စု၏ ဘဏ္ဍာဝင်ငွေရရှိမှု ပိတ်ပင်စေသော အမျိုးသားညီညွတ်ရေး အစိုးရ ၏ မဟာဗျူဟာ အပိုင်း ၁
By ဇက်ခရီ အဘူဇာစတင်မ်ဆန် စန်တာ
ခုခံတော်လှန်ရေးဘက်က ချိန်ခွင်လျှာအသာစီးရလာစေရေးအတွက် စစ်အုပ်စု ၏ ဝင်ငွေရရာလမ်းကြောင်းများကို ဖြတ်တောက်ပစ်ရန် အမျိုးသားညီညွတ်ရေး အစိုးရ က မျှော်လင့်ထားသည်။
မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) ၏ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနသည် နွေဦးတော်လှန်ရေးအတွက် ဝင်ငွေရရှိမှု တိုးလာစေရေးနှင့် မြန်မာစစ်အုပ်စုအတွက် ဝင်ငွေရရှိမှုလမ်းကြောင်းများကို ပိတ်ပင်တားဆီးရေး နှစ်ရပ်စလုံးကို ထမ်းဆောင်ရန် တာဝန်အပ်နှင်းခြင်း ခံထား ရသည်။
စီးပွားရေးကျဆင်းလာမှုနှင့် စစ်စရိတ်အတွက် အဆမတန်ကုန်ကျနေရမှု များ ကြောင့် စစ်အုပ်စုသည် နောက်ထပ်ဝင်ငွေများ ဆုံးရှုံးရမှုကို လက်ခံနိုင်ခြင်း မရှိတော့ချေ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျယ်ပြန့်သည့် ဘဏ္ဍာဝင်ငွေ ရရှိမှု ပိတ်ပင်ခြင်းမဟာဗျူဟာက စီးပွားရေးတွင် စီမံခန့်ခွဲမှုညံ့ဖျင်းသည့် စစ်အုပ်စုအပေါ် ဖိအားများတိုးလာစေခြင်းဖြင့်၊ စစ်အုပ်စု၏ အရင်းအမြစ် များကိုရော တရားဝင်ဖြစ်မှုကိုပါ နှစ်ခုစလုံးကို ဆုံးရှုံးသွားစေမည့် အလား အလာ ရှိနေသည်။ ဤ အနှစ်ချုပ်စာတမ်းတွင် ဇက်ခရီ အဘူဇာက မြန်မာ စစ်အုပ်စုထံ ဘဏ္ဍာဝင်ငွေစီးဝင်မှုများအား ဒဏ်ခတ်အရေးယူ တားဆီးပိတ်ပင် ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးပမ်းလုပ်ဆောင်နေသည့် နည်းလမ်းခြောက်ခုတို့ကို ဆွေးနွေးတင်ပြထားသည်။
အမျိုးသားညီညွတ်ရေး အစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဌာန (အမ်အိုပီအက်ဖ်အိုင်) အနေဖြင့် တာဝန်နှစ်ရပ်ကို ပေးအပ်ထား ခြင်းခံရသည် – ပထမတာဝန်မှာ၊ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ထောက်ပံ့နိုင်ရန် ဘဏ္ဍာငွေရှာဖွေပေးရခြင်း ဖြစ်သည်။
၎င်းတို့က ဆန်းသစ်တီထွင်မှုနှင့် နည်းပညာ ကျွမ်းကျင်မှုတို့ဖြင့်၊ ပုဂ္ဂလိကပိုင် ပစ္စည်းကို အများပိုင်အဖြစ် သိမ်းယူခွင့်ရှိသည့် အစိုးရ၏လုပ်ပိုင်ခွင့်အောက်တွင် စစ်တပ်၏ ပိုင်ဆိုင်မှုများနှင့် တပ်ပိုင်မြေများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှု များ၊ ခရစ်ပ်တိုဘွန်းဒ်ခေါ် လျှို့ဝှက်ငွေချေးစာချုပ်များ၊ ထီလက်မှတ်များ၊ သတ္ထု တူးဖော်မှု ခွင့်ပြုချက်များ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများအတွက် အလား အလာရှိသည့် အစုရှယ်ယာ ရောင်းချမှုများနှင့် ယခုအခါ အပြည့် အဝလည်ပတ်နေသည့် အွန်လိုင်း အင်တာနက် ဘဏ်စနစ်တို့မှတစ်ဆင့် ဒေါ် လာ သန်း ၁၅၀ ကျော်ကို ရှာဖွေရယူပေးနိုင်ခဲ့ကြသည်။
ဤအရာများအားလုံးကို ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာကျွမ်းကျင်မှု ဖြင့် အောင်မြင်ဖြစ်မြောက်အောင် ဖန်တီးနိုင်ခဲ့ကြခြင်း ဖြစ်သည်။ အန်ယူဂျီအနေဖြင့် အဆိုပါ ရန်ပုံငွေများအားလုံးကို ၎င်းတို့ဆန္ဒရှိနေသည့် နိုင်ငံတစ်ခုအဖြစ် တရားဝင်ရပ်တည် စုဆောင်းရရှိခဲ့ခြင်း ဖြစ်သည်။
ဒုတိယ တာဝန်အဖြစ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန အနေဖြင့် “စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်မှုနှင့်ထိန်းချုပ်မှု ယန္တရား ကို ဖြိုခွဲဖျက်ဆီးပစ်ခြင်းဖြင့် စစ်ကောင်စီအား မလှုပ်မရှားနိုင် ဖြစ် လာစေရန်အတွက်၊ စာချုပ်အရ ပေးချေရရှိမှုများ၊ အကြွေးရမှုများနှင့် ငွေကြေး အထောက်အပံ့ရရှိမှု မျိုးစုံတို့ အပါအဝင် ငွေကြေးစီးဆင်းမှုများ အားလုံးကို ကန့်သတ် ဒဏ်ခတ်အရေးယူခြင်းဖြင့် စစ်အုပ်စု၏ ဘဏ္ဍာဝင်ငွေရရှိ မှုများကို ပိတ်ပင် တားဆီးရန် ဖြစ်သည်။
စစ်တပ်၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သပိတ်မှောက်ခြင်း၊ ငွေချေး စာချုပ် ရောင်းချမှုများနှင့် ငွေကြေးထုတ်ဝေမှုမှ အမြတ်ရရှိမှုများကို ဟန့်တား ခြင်း၊ ယှဥ်ပြိုင်ရွေးချယ်စရာ ကိုယ်ပိုင်ထီများ ဖွင့်လှစ်ရောင်းချခြင်း၊ စီးပွားရေး လုပ်ငန်းကြီးများအား အာမခံစာချုပ်များကို ရောင်းချခြင်းဖြင့် အခွန်ငွေ ကောက် ယူခြင်း၊ နိုင်ငံရပ်ခြားနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများထံမှ သဘာဝ သယံဇာတ ထုတ်ယူခွင့်ပြုမှုများဖြင့် ငှားရမ်းခများ ရယူစုဆောင်းခြင်း၊ ပြည်ပ တွင် အပ်နှံထားရှိသည့် စကစ၏ ဘဏ္ဍာငွေများကို သိမ်းယူခြင်း – စသည့် အမျိုးအစားခြောက်မျိုးဖြင့် ခွဲခြားနိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာဝင်ငွေရရှိမှုပိတ်ပင်ခြင်း မဟာဗျူဟာများအား အလေးထားဖော်ပြ သွားမည် ဖြစ်သည်။
နွေဦးတော်လှန်ရေး၏ တတိယနှစ်တွင် မြန်မာစစ်တပ်အနေဖြင့် အာဏာကို စုစည်းနိုင်ခြင်းမရှိဘဲ၊ နိုင်ငံ၏ နေရာဒေသ အများအပြားတွင် ၎င်းတို့၏ ထိန်း ချုပ် မှုက ခိုင်မာမှုမရှိ ထိရောက်မှုအားနည်းလျက် ရှိနေသည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့ (အက်စ်အေစီ-အမ်) ၏ ခန့်မှန်း ချက်များအရ၊ နိုင်ငံ၏ ၁၇ ရာခိုင်နှုန်းမျှကိုသာ စစ်တပ်က ထိထိရောက်ရောက် ထိန်းချုပ်ထားကြောင်းနှင့်၊ စစ်တပ်က လက်လှမ်းမမီနိုင်သည့်နေရာ မရှိသော် လည်း နယ်မြေဒေသများကို ထိန်းသိမ်းထားနိုင်ရန်အတွက် ၎င်းတို့အနေဖြင့် ရုန်းကန်နေရကြောင်းကို ဖော်ပြနေသည်။
ဖရီးဘားမားရိန်းဂျားစ်အဖွဲ့၏ သုတေသနပြုချက်အရလည်း အာဏာသိမ်း ပြီးနောက် ပိုင်း စစ်အုပ်စု၏ ထိန်းချုပ်မှုက သိသိသာသာ ကျဆင်းသွားသည်ကို ပြသနေသည်။ ထိုအချက်အား ညွှန်ပြနေသည့်အချက်တစ်ခုမှာ အန်ယူဂျီ အနေဖြင့် ယခုအခါ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက်၊ မြို့နယ် ၃၈ ခုတွင် အခွန်အခများကို ကောက်ခံရရှိလျက် ရှိနေခြင်း ဖြစ်သည်။
အန်ယူဂျီအနေဖြင့် စစ်တပ်ထက် စွမ်းဆောင်ရည်တွင် သာလွန်နေသော်လည်း၊ အရင်းအမြစ်များ ပိုမိုများပြားပြီး၊ နိုင်ငံတစ်ခုကို ထိန်းချုပ်ထားသည့် စစ်တပ် နှင့် ဆန့်ကျင်ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ၂၀၂၃ ဘဏ္ဍာနှစ်အတွက် စစ်တပ်က ၎င်း၏အသုံးစရိတ်ကို ဒေါ်လာ ၂.၇ ဘီလီယံအထိ ၅၁ ရာခိုင်နှုန်း တိုးမြှင့်လျာ ထားခဲ့သည်။ အတိုင်းအတာအရ ဆန့်ကျင်ကွဲလွဲစွာပင်၊ အန်ယူဂျီ ကာကွယ်ရေး ဝန်ကြီးဌာန၏ နှစ်စဥ် အခြေခံအသုံးစရိတ်မှာ ဒေါ်လာ သန်း ၆၀ မျှသာ ရှိနေ သည်။
ဝင်ငွေရရှိမှုက တိုးတက်လာခြင်းမရှိဘဲ တစ်တန်းတည်းဖြစ်နေသဖြင့်၊ အခြား အရာ အားလုံး၏ စရိတ်စကများမှ စစ်တပ်၏အသုံးစရိတ်ကို ရရှိစေရမည့် အနေအထားမျိုး ဖြစ်လာနေသည်။ ထိုသို့ဆိုလျင် စစ်တပ်အနေဖြင့် တိုးမြှင့် ထား သည့် အသုံးစရိတ်ပမာဏကို ရှာဖွေရန် မည်ကဲ့သို့ တတ်နိုင်ပါမည်နည်း။ ၎င့်တို့အနေဖြင့် တတ်နိုင်ခြင်း မရှိပေ။ နိုင်ငံ၏ စီးပွားရေးသည် စစ်အုပ်စု၏ ခြေဖနောင့်တွင် စိုက်နေသည့် စူးတစ်ချောင်း ဖြစ်နေပြီး၊ စစ်တပ်၏ ဘဏ္ဍာ ဝင်ငွေရရှိမှု အရင်းအမြစ်များကို ပေါင်းစပ်စုစည်းမှုဖြင့် ပိတ်ပင်သည့် မဟာဗျူ ဟာ က အာဏာ၏ချိန်ခွင်လျှာကို မိမိတို့အလိုကျ တိမ်းစောင်း လာစေနိုင် လိမ့်မည်ဟု အန်ယူဂျီက ယုံကြည်လျက်ရှိသည်။
စစ်တပ်၏ စီးပွားရေး အကျပ်ဆိုက်မှု
=====================
အန်ယူဂျီ၏ ဘဏ္ဍာဝင်ငွေရရှိမှုပိတ်ပင်ခြင်းမဟာဗျူဟာက အလုပ်ဖြစ်လိမ့်မည် ဆိုသည်ကို ယုံကြည်ရန်ခက်ခဲသည်ဟု ထင်ရသည့်တိုင်၊ မြန်မာနိုင်ငံ၏ စီးပွား ရေးအ ခြေအနေက လွန်စွာဆိုးရွားလျက် ရှိနေသဖြင့် အလုပ်ဖြစ် လာနိုင်သည်။
မြန်မာ့စီးပွားရေးက ၂၀၂၃ ခုနှစ်တွင် ၃ ရာခိုင်နှုန်းတိုးတက်မှုရှိမည်ဟု ကမ္ဘာ့ ဘဏ် က ခန့်မှန်းထားသော်လည်း၊ ယခုနှစ်တွင် ရှိနေသည့် အမေရိကန် ဒေါ်လာ ၅၉ ဒသမ ၃ ဘီလီယံပမာဏက ၂၀၁၉ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်း လျော့နည်းနေသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှလွဲ၍ နိုင်ငံခြား ကုန်သွယ် မှုက အားနည်းလျက် ရှိနေဆဲဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အသစ်များအားလုံးက တရုတ်ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် မြန်မာနိုင်ငံမှထွက်ခွာပြီးနောက် စင်ကာပူ သို့မဟုတ် ဟောင်ကောင်မှတစ်ဆင့် ပြန်ဝင်လာသည့် ငွေများဖြစ်နေကြသည်။ အစိုးရစာရင်းများအရ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုက ၂၀၂၁ ခုနှစ် မေလနှင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ အကြား ဒေါ်လာ ၂၂၇ သန်း ကျဆင်းသွားခဲ့ပြီး၊ အဓိက ကုန်ပစ္စည်း ထုတ်လုပ် သူ များက နိုင်ငံမှ ဆက်လက်ထွက်ခွာသွားနေကြဆဲ ဖြစ်သည်။
လုပ်ခလစာများကလည်း တဖြည်းဖြည်း ကျဆင်းလာလျက်ရှိနေသည်။ ကမ္ဘာ့ဘဏ်၏ စစ်တမ်းများ အရ စားနပ်ရိက္ခာ မလုံလောက်ဖြစ်မှုက ကျေးလက်ဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး၊ ပြည်တွင်းစစ်ကြောင့် အဟာရရှိသည့် အစာစားသုံးမှု လျော့နည်းသွားကြောင်း ဖော်ပြထားသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုက သိသိသာသာ ကျဆင်းနေပြီး၊ နေပြည်တော်တွင်ပင် ပုံမှန်လျှပ်စစ်မီး ပြတ်တောက်မှုများ ရှိလာနေသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စီမံခန့်ခွဲမှုအလွဲများနှင့် ငွေကြေးထိန်းချုပ်မှုတွင် ညံ့ဖျင်းမှုများကြောင့် ကျပ်ငွေတန်ဖိုး ၃၀၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး၊ အာဏာ မသိမ်းမီက တစ်ဒေါ်လာလျင် ၁,၃၀၀ ကျပ်ရှိခဲ့ရာမှ တစ်ဒေါ်လာ ကျပ် ၃,၉၀၀အထိ ရောက်ရှိသွားခဲ့သည်။ ရွှေဈေးများကလည်း မြင့်တက်လာခဲ့သည်။ ယခုအခါ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ကုမ္ပဏီလုပ်ငန်းများအား ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်ထားသည့် နိုင်ငံခြားငွေ ဒေါ်လာ ၁၀,၀၀၀ နှင့် အထက်ကို ၎င်းတို့ သတ်မှတ်ထားသည့် တစ်ဒေါ်လာလျင် ၂,၁၀၀ကျပ်နှုန်းဖြင့် ရောင်းချကြ ရန်လည်း စစ်အုပ်စုက ဖိအားပေးလျက်ရှိသည်။
၂၀၂၃ ခုနှစ် ဇွန်လတွင် အမေရိကန်ဘဏ္ဍာရေးဌာနက ဒေါ်လာငွေလွှဲ ပြောင်း ပေးပို့မှုများ အားလုံးနီးပါးအတွက် တာဝန်ရှိသည့် နိုင်ငံပိုင်ဘဏ် နှစ်ခုဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (အမ်အက်ဖ်တီဘီ) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံ မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (အမ်အိုင်စီဘီ) တို့ကို ဒဏ်ခတ် အရေးယူ ခဲ့ခြင်းက နောက်ထပ်ကျပ်ငွေအပေါ် ဖိအားများ ကျရောက်လာစေခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ဘဏ်တစ်ခုကလည်း အဆိုပါဒဏ်ခတ်အရေးယူခံထားရသည့် ဘဏ်နှစ်ခု၏ ငွေစာရင်းများကို ထိန်းချုပ်ပိတ်ပင်ခဲ့သည်။ မြန်မာနိုင်ငံမှ ဘဏ်များအတွက် ဘဏ်စာရင်းရှင်းလင်းခြင်းလုပ်ငန်းများကို ရပ်တန့် တော့မည်ဖြစ်ကြောင်း မကြာသေးမီက စင်္ကာပူနိုင်ငံရှိ ယူနိုက်တက် အိုဗာဆီးစ် ဘဏ် (ယူအိုဘီ) ၏ ထုတ်ပြန်ကြေညာချက်ကြောင့် နိုင်ငံခြားငွေလွှဲပြောင်း ပေးပို့မှု များကို ပိုမိုခက်ခဲလာစေခဲ့သည်။
တရုတ်နိုင်ငံနှင့် နယ်စပ်တစ်လျှောက်ရှိ နယ်စပ်ကုန်သွယ်မှုများအားလုံးကို ကျပ်ငွေ သို့မဟုတ် ယွမ်ဖြင့် ပေးချေသွားရန် စစက က ညွှန်ကြားထားပြီး၊ ရုရှားနှင့် နှစ်နိုင်ငံကြားကုန်သွယ်မှုကို နှစ်နိုင်ငံ၏ ပြည်တွင်းငွေကြေးဖြင့် ပေးချေနိုင်ရန် နိုင်ငံပိုင်ဘဏ်နှစ်ခုက ရုရှားနိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်ခဲ့ကြသည်။
တရုတ်နိုင်ငံသို့ ချေးငွေဒေါ်လာ သန်း ၄၀၀ ကို ပြန်လည်ပေးဆပ်နိုင်ရန် စစ်အုပ်စု အနေဖြင့် ယခုအချိန်တွင် ရုန်းကန်နေရကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိနေသည်။ ဘဏ်လုပ်ငန်းစနစ် အထူးသဖြင့် နိုင်ငံပိုင် ဘဏ် များမှာ ယိမ်းယိုင်လာလျက် ရှိနေသည်။
စကစ ၏ ၀င်ငွေရရှိမှုက တိုးလာမှုမရှိဘဲ ဖြစ်နေသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ခန့်မှန်းချက်များအရ နှစ်စဉ် ပြည်ထောင်စု အခွန်စည်းကြပ်မှု ဥပဒေပါ စုစုပေါင်း နိုင်ငံ၏ ဝင်ငွေသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၇ ဒသမ ၉၆၉ ထရီလျံ ရှိခဲ့ရာမှ၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းခြေမှာ ကျပ် ၈.၀၅၂ ထရီလျံအထိသာ တိုးလာခဲ့သည်။ အလားတူ ကာလအတွင်း ပြည်တွင်း အခွန်ရရှိငွေသည် ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အကောက်ခွန်ဝင်ငွေ ၁၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် သဘာဝသယံဇာတ ထုတ်လုပ်မှုအတွက် ငှားရမ်းခက ၉ ရာခိုင်နှုန်းဖြင့် အသီးသီး ကျဆင်းသွားခဲ့သည်။
တရားဝင် ကိန်းဂဏန်းများက နိုင်ငံတော် လျှို့ဝှက်ချက်ဖြစ်နေသောကြောင့် ရရှိရန်ခက်ခဲပြီး၊ ၎င်းတို့၏ ခန့်မှန်းချက်များက ယခုအချိန်တွင် လေ့လာသူ များအတွက် ခန့်မှန်းတွက်ချက်ရန် ရရှိနိုင်သည့် အကောင်းဆုံး အချက် အလက် များ ဖြစ်နေသည်။ ဝင်ငွေရရှိရေးအတွက် အသည်းအသန် ဖြစ်လာနေသည့် စစ်အုပ်စုက ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကုန်သွယ်လုပ်ငန်းခွန် လိမ်လည်မှု များ အတွက် သတင်းပေးသူများအား ၃၀ ရာခိုင်နှုန်းအထိ ဆုငွေများ ပေးအပ်ခဲ့ သည်။ ကမ္ဘာ့ဘဏ်ကလည်း လိုငွေပြမှု မြင့်တက်လာနိုင်ကြောင်း သတိပေးထား သည်။
စစ်တပ်တွင် ငွေကြေးပြတ်လပ်နေခြင်းကို ဖော်ပြနေသည့် နောက်ထပ်အချက် တစ်ခု မှာ နိုင်ငံပိုင်ပစ္စည်းများကို စတင် ရောင်းထုတ်လာနေခြင်း ဖြစ်သည်။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် နိုင်ငံပိုင်စက်ရုံ ၁၀၇ ရုံအနက် ၅၅ ခုကို ရောင်းချခဲ့ပြီးဖြစ်သည်။ စစ်အုပ်စု အဖွဲ့ဝင် များ နှင့် ၎င်းတို့နှင့်နီးစပ်သူများထံ နိုင်ငံပိုင်အရင်းအမြစ်များကို သိသာနည်းပါးသည့် လျှော့ဈေးဖြင့် ရောင်းချလျက်ရှိသည်။ ဤကဲ့သို့ အခြေအနေအပေါ် အခွင့်အရေးရယူသည့် လုပ်ဆောင်မှုက ရာဇဝတ်မှုမြောက်သော်လည်း ဝင်ငွေရရာလမ်းကြောင်းတစ်ခုအဖြစ် ယခုတိုင်ဆက်၍ရှိနေသေးသည်။
ဗဟိုဘဏ်သည် ကျယ်ပြန့်သည့် စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ထားရှိသည့် ပုံမှန်ဗဟိုဘဏ်တစ်ခု မဟုတ်တော့ပေ။ အခြားသောအရာများထက် စစ်ပွဲအတွင်း စစက၏ အားထုတ်လုပ်ဆောင်မှု များကို ပံ့ပိုးပေးနေသည့် စစ်ပွဲကာလ၏ ဗဟိုဘဏ်ဖြစ်နေသည်။
အာဏာမသိမ်းမီ ၂၀၂၀ခုနှစ်တွင် အစိုးရက ဗဟိုဘဏ်ထံမှ ချေးယူငွေမှာ ကျပ် ၂ ဒသမ ၈၇၂ ထရီလီယံ ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ကျပ် ၁၁ ဒသမ ၆၇၇ ထရီလီယံအထိ ၃၀၇ ရာခိုင်နှုန်း ဆတိုးမြင့်တက်သွားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် ကျပ် ၇ ဒသမ ၈၆၉ ထရီလျံသို့ ကျဆင်းသွားခဲ့သည်။ ၂၀၂၃ ခုနှစ် ပထမသုံးလ ပတ်အကုန်အတွက် ဗဟိုဘဏ်၏လက်ထဲတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၅၇ ဘီလီယံမျှသာ ရှိသည်ကို ဗဟိုဘဏ်က အသိအမှတ်ပြု ဖော်ပြခဲ့သည်။
မရေမရာဖြင့် ဆိုးရွားလာနေသည့် စီးပွားရေးအခြေအနေက စကစ ၏ အာရုံ စိုက်မှု ကို ရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အစိုးရအဖွဲ့ အပြောင်းအလဲ အတွင်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ အကြံပေးအရာရှိဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောအား အဓိကကျသည့် ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေလဲလှယ်ရေး ကော်မီတီနှစ်ခုအတွက် ၎င်း၏အကြံပေးအဖြစ် မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။ ညိုစောသည် မင်းအောင်လှိုင်အတွက် ယုံကြည်ရ သည့် လက်ထောက်တစ်ဦးဖြစ်ပြီး၊ စစ်တပ်အတွင်း အခြားသူ များထက် စီးပွားရေးစီမံခန့်ခွဲမှုတွင် အတွေ့အကြုံပို၍များသည်ဟု ဆိုနိုင်သည်။
သို့တိုင်အောင်ပင် စကစသည် ၎င်း၏ပုံမှန် ကစားကွက်ကို ဆက်လက် ကိုင်စွဲလျက်၊ ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့် ရွှေစျေးနှုန်းများ မြင့်တက် လာမှုများ ကို စုံစမ်းစစ်ဆေးရန်အတွက် ထောက်လှမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ပေါင်းစပ်ခန့်အပ်ကာ အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး၊ ၎င်းတို့၏ အရည် အချင်းမရှိမှုထက် ဈေးကစားသူများအပေါ် အပြစ်ဖို့လာခဲ့သည်။
ဓာတ်ပုံ- ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် စစ်အာဏာရှင်ကို ဆ န္ဒပြကြနေသည့် ထိုင်းရောက်မြန်မာများ။(ပုံအဟောင်းဖြစ်ပါသည်။)
