21.1 C
Yangon

မြိုင်မြို့နယ်၊ ရေစက်စောင့်အထိုင်စခန်းမှ ထွက်လာသော စစ်ကြောင်းကို မိုင်း ဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

မြိုင်မြို့နယ်၊ ရေစက်စောင့်အထိုင်စခန်းမှ ထွက်လာသော စစ်ကြောင်းကို မိုင်း ဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရေစက်စောင့် အထိုင်စခန်းမှ ထွက်လာပြီး ပြည်သူ ပိုင်ပစ္စည်းများကို ခိုးယူ သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲပစ် ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ ကြောင်း စင်္ကြာ ဒေသကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့လည် ၁၁ နာရီခန့်က မြိုင်မြို့နယ်၊ စက်မှု ၂ သို့ ရေအဓိက ပေးပို့ နေသော ရေစက်ကိုစောင့်ရှောက်နေသည့် အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ အင်အား ၁၅ ဦးခန့်ဖြင့် ထွက်လာပြီး ဆုံကုန်းကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများကို ၂ ကြိမ်ထက်မနည်းလာရောက်ခိုးယူဆောင် နေသည့် အကြမ်းဖက်စစ်သားများကို ရှေ့ထွက်မိုင်း ၁၆ လုံးအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင် ပွဲချင်းပြီး သေ ဆုံး ပြီး ၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော အကြမ်းဖက် စစ်သား ကိုင်ဆောင် သည့် လက်နက်ငယ်ကို ကောက်ယူရန် ကြိုးစားခဲ့ရာ ရဲဘော်ကျွဲကြီး ခြေ ထောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အခြားတော်လှန်ရေး ရဲ ဘော်နှစ်ဦးလည်း အနည်းထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လက်နက်ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း၊ သေ ဆုံး ဒဏ်ရာရရှိသွားသော အကြမ်းဖက်စစ်သားများကို ဖောကားတစ်စီးဖြင့် လာရောက်သယ်ဆောင် သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် (ပ.က.ဖ)တပ်ရင်း ၁ ၏ တပ်ခွဲ ၄ စင်္ကြာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၁ ၊ PPKU ခရိုင်တပ်ရင်း ၂ ၊ MUGDF၊ BADASSESS BURMA FORCE၊ အပြုံးမပျက်တဲ့ ဂတုံးတပ်ဖွဲ့၊ TYK ပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်(ပ.က.ဖ) တပ်ရင်း ၃ တပ်ခွဲ ၁ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article