32 C
Yangon

မတ္တရာ၊ သုံးဆယ်ပေးရွာတွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီးနောက် ဝင်ရောက်ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

Must read

မတ္တရာ၊ သုံးဆယ်ပေးရွာတွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီးနောက် ဝင်ရောက်ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ အောက်တိုဘာ ၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံသုံးဆယ်ပေးရွာတွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီးနောက် ဝင်ရောက်ပစ်ခတ်ရာ စစ်တပ် ဘက်မှ ၂၀ ဦးခန့် သေ ဆုံး ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ် ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်၊ သုံးဆယ်ပေး ကျေးရွာတွင် အကြမ်းဖက် စစ်သားများ စုဝေးနေစဉ် ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက် ခိုက်ခဲ့ကြောင်း၊ ဗုံး ၂ လုံးမှာ အကြမ်းဖက်စစ် အုပ်စုအတွင်း တည့်တည့် ကျရောက်ပေါက်ကွဲပြီး ဒုတိယအကြိမ် ထပ်မံဗုံးကျဲတိုက်ခိုက်ရန် ဒရုန်းပျံသန်း နေစဉ် ဒရုန်းပစ်လက်နက်ဖြင့် ပစ်ချခံရသဖြင့် ဒရုန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့နောက် PDF များက ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် စစ်သားများ နှင့်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၄၅ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း စစ်သား ၂၀ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကြောင်း၊ သေဆုံးဒဏ်ရာရရှိသူ များကို ကား ၂ စီးဖြင့် မန္တလေး နန်းတွင်းသို့ သယ်ယူသွားကြောင်း သိရသည်။

“ဒရုန်းနဲ့ ဗုံးသီး ၄ လုံးကျဲတာ၊ ၂ လုံးက စစ်ခွေးတည်နေရာကို တည့်တည့် ကျတယ်၊ ဒုတိယအခေါက်မှာ ဒရုန်း Killer နဲ့ ပစ်ချခံရတာ၊ အဲဒီဒရုန်းကို ပြန်ရဖို့ ဝင်တိုက်တာမှာ ၄၅ မိနစ်လောက်ကြာတယ်၊ ဒရုန်းနဲ့ ဗုံးသီးချ တော့ လည်း စစ်ခွေးတွေ သေတယ်၊ ရင်ဆိုင်တိုက်ခိုက်မှုမှာလည်း စစ်ခွေးတွေ သေတယ်၊ သေတဲ့သူ တွေကို ကား ၂ စီးနဲ့ မန္တလေးနန်းတွင်းကိုပို့တယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ – Eagle Guerilla Force – ဗိုလ်ကောက်ရိုးအဖွဲ့၊ ကျောက် ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ Lightning Drone Force ၊ ကောင်းကင်တော်လှန်ရေး အင် အားစု ၊ မတ္တရာမြို့နယ် ပကဖ နှင့် ပုသိမ်ကြီး မြို့နယ် ပကဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ ကြောင်း၊ ဆုံးရှုံးသွားသော ဒရုန်းအကြီး တစ်စင်း ပြန်လည် ဝယ်ယူနိုင်ရန် ပြည်သူများက ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးမှ မေတ္တာရပ်ခံထားသည်။

ယခုအခါ ယင်းကြမ်းဖက်စစ်တပ် တပ်စွဲထားရာ သုံးဆယ်ပေးကျေးရွာကို ကုန်း ကြောင်းမှ စစ်ကား ၃ စီး ဖြင့်လည်းကောင်း၊ ရေကြောင်းမှ စက်လှေအကြီး တစ်စီး၊ အသေးတစ်စီးဖြင့်လည်းကောင်း စစ်အင်အား အများအပြား ထပ်မံ ဖြည့်တင်းထား ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article